သရုပ်ဆောင်မင်းရာဇာပါ (၃)ဦးက အက်စစ်နဲ့ပက်တာခံရတဲ့ အိမ်အကူမိန်းကလေးအမှုဟာ သက်ငယ်မုဒိန်းမှုမြောက်တာကြောင့် အာမခံမရနိုင်ဘူးလို့ အိမ်အကူမိန်းကလေးရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ဌေးက 7Day TV ကို ပြောပါတယ်။

အိမ်အကူမိန်းကလေးက အသက် ၁၅နှစ်ဝန်းကျင်သာ ရှိသေးလို့ သက်ငယ်မုဒိန်းမှုမြောက်တယ်လို့ ဒေါ်ခင်ခင်ဌေးက ပြောပါတယ်။

လက်ရှိမှာ သရုပ်ဆောင်မင်းရာဇာပါ(၃)ဦးကို ရွှေပေါက်ကံမြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို့နဲ့ အမှုဖွင့်ထားပြီး တာမွေမြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ နဲ့ မင်းရာဇာကို အမှုဖွင့်ထားပါတယ်။

အိမ်အကူ မိန်းကလေးရဲ့ မိန်းမကိုယ်ကို အက်စစ်နဲ့ပက်တာ ဓားနဲ့ခွဲတာတွေလုပ်ခဲ့ပြီး ဆေးကုမပေးဘဲ ထားတာကြောင့် လက်ရှိအိမ်အကူမိန်းကလေးရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်ရတယ်လို့ သိရကြောင်း မြောက်ဥက္ကလာမြို့နယ်၊ မေဓာဝီဆေးရုံမှာရောက်နေတဲ့ ဒေါ်ခင်ခင်ဌေးကဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ဌေးကို ဖုန်းဆက်မေးမြန်းထားတဲ့ အသံဖိုင်ဖြစ်ပါတယ်။

Zawgyi

သ႐ုပ္ေဆာင္မင္းရာဇာပါ (၃)ဦးက အက္စစ္နဲ႔ပက္တာခံရတဲ့ အိမ္အကူမိန္းကေလးအမွုဟာ သက္ငယ္မုဒိန္းမွုေျမာက္တာေၾကာင့္ အာမခံမရနိုင္ဘူးလို့ အိမ္အကူမိန္းကေလးရဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္ခင္ေဌးက 7Day TV ကို ေျပာပါတယ္။

အိမ္အကူမိန္းကေလးက အသက္ ၁၅ႏွစ္ဝန္းက်င္သာ ရွိေသးလို့ သက္ငယ္မုဒိန္းမွုေျမာက္တယ္လို့ ေဒၚခင္ခင္ေဌးက ေျပာပါတယ္။

လက္ရွိမွာ သ႐ုပ္ေဆာင္မင္းရာဇာပါ(၃)ဦးကို ေရႊေပါက္ကံၿမိဳ့နယ္ရဲစခန္းမွာ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို့နဲ႔ အမွုဖြင့္ထားၿပီး တာေမြၿမိဳ့နယ္ရဲစခန္းမွာ ပုဒ္မ ၃၇၆ နဲ႔ မင္းရာဇာကို အမွုဖြင့္ထားပါတယ္။

အိမ္အကူ မိန္းကေလးရဲ့ မိန္းမကိုယ္ကို အက္စစ္နဲ႔ပက္တာ ဓားနဲ႔ခြဲတာေတြလုပ္ခဲ့ၿပီး ေဆးကုမေပးဘဲ ထားတာေၾကာင့္ လက္ရွိအိမ္အကူမိန္းကေလးရဲ့ က်န္းမာေရး အေျခအေနက စိုးရိမ္ရတယ္လို့ သိရေၾကာင္း ေျမာက္ဥကၠလာၿမိဳ့နယ္၊ ေမဓာဝီေဆး႐ုံမွာေရာက္ေနတဲ့ ေဒၚခင္ခင္ေဌးကဆိုပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္ခင္​ေဌးကို ဖုန္းဆက္ေမးျမန္းထားတဲ့ အသံဖိုင္ျဖစ္ပါတယ္။

Credit 7day
 

Post a Comment

Previous Post Next Post