အင်းစိန်မြို့နယ်က ကိုဗစ်လူနာ (၄) ဦးသည် ဘုရားကျောင်းက သင်းအုပ်ဆရာနှင့် ဓမ္မတေးတီးခတ်သူများ ဖြစ်နေ…

အင်းစိန်မြို့နယ်အတွင်းတွေ့ရတဲ့ COVID -19 လူနာ (၅)ဦးအနက် (၄)ဦးဟာ အရှေ့ကြို့ကုန်းမှာရှိတဲ့ His Glory Ministry Mission Church က ဖြစ်တယ်လို့ သိရပါတယ်။

His Glory Ministry Mission Church က သင်းအုပ်ဆရာ၊ ဓမ္မတေးတီးခတ်သူတို့ဖြစ်တယ်လို့ ဘုရားကျောင်းရှိရာအရှေ့ကြို့ကုန်း၊ ဝပ်ရှော့ (၂) ရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးစောဝင်းလွင်က ပြောပါတယ်။
ဒီလူနာတွေဟာ လူနာအမှတ် ၃၄ ၊ ၃၅ ၊ ၃၆ နဲ့ ၃၇ တို့ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားသားတွေပါဝင်တဲ့ ဘာသာရေးအခမ်းအနား ကို အတူ တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ တွေ့ရပါတယ်။

သူတို့ (၄)ဦးနဲ့ ထိတွေ့ ဆက်စပ်မိသူဟာ ခန့်မှန်းခြေအားဖြင့်တော့ လူတစ်ရာကျော်လောက်ရှိမယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ ထိတွေ့ဆက်စပ်မိသူတွေကိုတော့ အသွားအလာကန့်သတ်ကာစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် လူနာတွေနေထိုင်ခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်တွေကိုလည်း အသွားအလာ ကန့်သတ်လိုက်တာတွေ့ရပါတယ်။
ဒီကနေ့ မနက် အစောပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံတွေ့ရှိရတဲ့ COVID-19 လူနာ စာရင်းကို ထုတ်ပြန်ရာမှာ ခုနှစ်ဦးအနက် (၅)ဦးက အင်းစိန်မြို့နယ်အတွင်းက ဖြစ်ပါတယ်။

အဲဒီ (၅)ဦးဟာ ဘာသာရေးအခမ်းအနားကို အတူတက်ခဲ့တဲ့ သူ (၄)ဦးနဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး တို့ဖြစ်ပါတယ်။

လူနာ (၅)ဦးစလုံးကို ပိုးတွေ့ရတာဆိုတာ အတည်ပြုပြီးတဲ့နောက် အင်းစိန်ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ကုသနေတဲ့အကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။
ဆိုရှယ်မီဒီယာမှာတော့ လူနာ အမှတ် ၃၇ က အဆိုတော်မျိုးကြီးဖြစ်တယ်ဆိုပြီး ကောလဟာဟတွေ ပျံ့ခဲ့ပေမယ့် မျိုးကြီး ဇနီးဖြစ်သူက မျိုးကြီးမဟုတ်တဲ့အကြောင်း သူ့အကောင့်ကနေ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၃၇ ဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်လို့ စိတ်မကောင်းတဲ့အကြောင်းလည်း ရေးသားထားပါတယ်။

Zawgyi

အင္းစိန္ၿမိဳ႕နယ္က ကိုဗစ္လူနာ (၄) ဦးသည္ ဘုရားေက်ာင္းက သင္းအုပ္ဆရာႏွင့္ ဓမၼေတးတီးခတ္သူမ်ား ျဖစ္ေန…

အင္းစိန္ၿမိဳ႕နယ္အတြင္းေတြ႕ရတဲ့ COVID -19 လူနာ (၅)ဦးအနက္ (၄)ဦးဟာ အေရွ႕ႀကိဳ႕ကုန္းမွာရွိတဲ့ His Glory Ministry Mission Church က ျဖစ္တယ္လို႔ သိရပါတယ္။

His Glory Ministry Mission Church က သင္းအုပ္ဆရာ၊ ဓမၼေတးတီးခတ္သူတို႔ျဖစ္တယ္လို႔ ဘုရားေက်ာင္းရွိရာအေရွ႕ႀကိဳ႕ကုန္း၊ ဝပ္ေရွာ့ (၂) ရပ္ကြက္ရဲ႕ ရာအိမ္မွဴး ဦးေစာဝင္းလြင္က ေျပာပါတယ္။

ဒီလူနာေတြဟာ လူနာအမွတ္ ၃၄ ၊ ၃၅ ၊ ၃၆ နဲ႔ ၃၇ တို႔ျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ႏိုင္ငံျခားသားေတြပါဝင္တဲ့ ဘာသာေရးအခမ္းအနား ကို အတူ တက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိတယ္လို႔ ေတြ႕ရပါတယ္။

သူတို႔ (၄)ဦးနဲ႔ ထိ​ေတြ႕ ဆက္စပ္မိသူဟာ ခန႔္မွန္းေျခအားျဖင့္ေတာ့ လူတစ္ရာေက်ာ္ေလာက္ရွိမယ္လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။ ထိေတြ႕ဆက္စပ္မိသူေတြကိုေတာ့ အသြားအလာကန႔္သတ္ကာေစာင့္ၾကည့္ဖို႔ စီစဥ္ေနပါတယ္။

ဒါ့အျပင္ လူနာေတြေနထိုင္ခဲ့တဲ့ ေနအိမ္ပတ္ဝန္းက်င္ေတြကိုလည္း အသြားအလာ ကန႔္သတ္လိုက္တာေတြ႕ရပါတယ္။

ဒီကေန႔ မနက္ အေစာပိုင္းက က်န္းမာေရးဝန္ႀကီးဌာနက ထပ္မံေတြ႕ရွိရတဲ့ COVID-19 လူနာ စာရင္းကို ထုတ္ျပန္ရာမွာ ခုႏွစ္ဦးအနက္ (၅)ဦးက အင္းစိန္ၿမိဳ႕နယ္အတြင္းက ျဖစ္ပါတယ္။

အဲဒီ (၅)ဦးဟာ ဘာသာေရးအခမ္းအနားကို အတူတက္ခဲ့တဲ့ သူ (၄)ဦးနဲ႔ အသက္ ၇၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦး တို႔ျဖစ္ပါတယ္။

လူနာ (၅)ဦးစလုံးကို ပိုးေတြ႕ရတာဆိုတာ အတည္ျပဳၿပီးတဲ့ေနာက္ အင္းစိန္ေဆး႐ုံကေန ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ကုသေနတဲ့အေၾကာင္း အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဆိုပါတယ္။

ဆိုရွယ္မီဒီယာမွာေတာ့ လူနာ အမွတ္ ၃၇ က အဆိုေတာ္မ်ိဳးႀကီးျဖစ္တယ္ဆိုၿပီး ေကာလဟာဟေတြ ပ်ံ႕ခဲ့ေပမယ့္ မ်ိဳးႀကီး ဇနီးျဖစ္သူက မ်ိဳးႀကီးမဟုတ္တဲ့အေၾကာင္း သူ႔အေကာင့္ကေန အသိေပးခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ၃၇ ဟာ သူတို႔ရဲ႕ မိတ္ေဆြျဖစ္လို႔ စိတ္မေကာင္းတဲ့အေၾကာင္းလည္း ေရးသားထားပါတယ္။

Post a Comment

Previous Post Next Post