သူမရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်ညာအလှူခံနေတဲ့ သူတွေအကြောင်းကို သတိပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ ” နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။



Wutt Hmone Shwe Yi ဆိုပြီးတော့ Blue Mark မပါတဲ့ Page ဟာ သူမနဲ့ လုံးဝ မသက်ဆိုင်သလို အလှူခံဖို့ သူမရဲ့ ခွင့်ပြုချက် လုံးဝ မရှိတဲ့ အကြောင်းလည်း အခုလို ပြောပြထားပါတယ်။ ဒါကြောင့် ဝတ်မှုံရွှေရည်ဟာ သူမနဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝကို ကိုယ်ပိုင်သုံးတဲ့ Facebook Page မှာသာ တရားဝင် ရေးသားသွားမယ်လို့လည်း ပြောပြထားပါတယ်။

” ကစ်အနေနဲ့က ကစ်နဲ့ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာကို ကစ်ရဲ့အခု Wutt Hmone Shwe Yi (Blue Marked) page ကသာအားလုံးကိုဖော်ပြရန်ရည်ရွယ်ပါတယ်။ ဆက်လက်ပြီးလည်း ကစ်နဲ့ပတ်သက်တဲ့ သတင်းကြောင်းအရာတွေ၊ လှုပ်ရှားမှုတွေကို အခု page ကနေပဲတင်ပေးသွားမှာဖြစ်ပါတယ်။ ( ရေရှည်မှာ မလိုလားအပ်တဲ့ အထင်အမြင် လွှဲမှားမှူတွေ ဖြစ်မလာစေရန် )ကစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခု၊
သို့မဟုတ်ကစ်အတွက် လှူတန်းမှု တစ်ခုခုပြုလုပ်ချင်ရင် Fan တွေအနေနဲ့ ကစ် page မှာထည့်ထားတဲ့ official ဖုန်းနံပါတ်နဲ့ email တွေကို ဆက်သွယ် ညှိုနှိုင်းအသိပေးပြီးမှ ဆောင်ရွက်ကြရန်မေတ္တာရပ်ခံပါတယ်နော် ။ အခုလိုအချိန်မျိုးမှာအားလုံး ကျန်းမာရေးကိုပဲ အထူးဂရုပြု ပြီးဒီ Covid 19 virus ကြီးကိုဘေးကင်းစွာနဲ့ ကျော်လွှားကြမယ်နော် ။ ချစ်တယ် နော်အားလုံး ချစ်ပေးတဲ့ တစ်ယောက်ချင်းစီကို အရမ်းလည်းချစ်ပါတယ် အရမ်းလည်းကျေးဇူးတင်တယ်” လု့ိလည်း ဆက်လက် ရေးသားထားပါသေးတယ်။

အခုဖော်ပြခဲ့တာကတော့ ဝတ်မှုန်ရွှေရည်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ ပက်သက်ပြီး သူမကိုယ်တိုင် သတိပေးပြောကြားခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Source: Yinkhatpan 

Post a Comment

Previous Post Next Post