မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် (၅၀)ကျော်အရွယ် ကျောင်းထိုင်ဘုန်းကြီးက အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးကို နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်ကာ အဓမ္မပြုကျင့်ရန် ကြံစည်မှု ဧပြီ(၆)ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းအပိုင် ကျေးရွာတစ်ရွာတွင် နေထိုင်သည့် အသက် (၂၀)အရွယ် အမျိုးသမီးသည် မိခင်နှင့်အတူ ဧပြီ (၆)ရက် နေ့လည်ပိုင်းက ဆိုင်ကယ်ဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မန္တလေးမြို့သို့ ဈေးဝယ်ရန် သွားရောက်ခဲ့သည်။ အမြန်လမ်းပေါ် လူပြတ်ချိန်တွင် ရွာနားနီးချင်းဖြစ်သည့် အခြားရွာမှ ကျောင်းထိုင်ဘုန်းကြီးက ရှေ့မှ လမ်းပိတ်ရပ်ခိုင်းကာ ဘာမှမပြောဘဲ ကားပေါ်ဆွဲတင်ကြောင်း၊ မိခင်ဖြစ်သူက တားမြစ်သော်လည်း မရဘဲ အမည်မသိ ယာဉ်မောင်းနှင့်အတူ ကျောင်းတိုက်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့နောက် ကျောင်းအောက်ထပ်ရှိ အခန်းထဲသို့ ခေါ်ဆောင်ကာ တံခါးပိတ်၍ အမျိုးသမီးငယ်ကို လည်ပင်းညှစ် ရိုက်နှက်ကြောင်း၊ ဘောင်းဘီချွတ်၍ ဖုန်းဖြင့် ဓါတ်ပုံ၊ ဗွီဒီယိုများရိုက်ကာ သားမယား ပြုကျင့်ရန် ကြံစည်ခဲ့ပြီး အမျိုးသမီးငယ်က ငိုယိုတောင်းပန်သဖြင့် အခန်းတံခါးဖွင့်ကာ ပြန်လွှတ်ပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်သည့် ကျောင်းထိုင်ဘုန်းကြီးကို အရေးယူပေးရန် ဧပြီ(၇)ရက်တွင် အမျိုးသမီးငယ်က မြစ်ငယ်နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သည်။
အဆိုပါ ကျောင်းထိုင်ဘုန်းကြီးသည် အသက်(၅၅)နှစ် (ရဟန်းဝါ-၂၅ဝါ) ရှိသူဖြစ်ပြီး အမျိုးသမီးငယ်က အမှုဖွင့်တိုင်တန်းသဖြင့် ၎င်းကို မြစ်ငယ်နယ်မြေ ရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၉၅-က/၃၇၆/၅၅၁/၃၂၃ (ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု စသည်) ဖြင့် အမှု့ဖွင့်ထားသည်။ ၎င်း ကျောင်းထိုင်ဘုန်းကြီးအား မြို့နယ်သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖမ်းဆီး လူဝတ်လဲကာ ဆက်လက်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Zawgyi

မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာတြင္ အသက္ (၅၀)ေက်ာ္အ႐ြယ္ ေက်ာင္းထိုင္ဘုန္းႀကီးက အသက္ (၂၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို နာက်င္ဒဏ္ရာ ရရွိေအာင္ ျပဳလုပ္ကာ အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ ဧၿပီ(၆)ရက္က ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

အမရပူရၿမိဳ႕နယ္ ျမစ္ငယ္ရဲစခန္းအပိုင္ ေက်း႐ြာတစ္႐ြာတြင္ ေနထိုင္သည့္ အသက္ (၂၀)အ႐ြယ္ အမ်ိဳးသမီးသည္ မိခင္ႏွင့္အတူ ဧၿပီ (၆)ရက္ ေန႔လည္ပိုင္းက ဆိုင္ကယ္ျဖင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းအတိုင္း မႏၲေလးၿမိဳ႕သို႔ ေဈးဝယ္ရန္ သြားေရာက္ခဲ့သည္။ အျမန္လမ္းေပၚ လူျပတ္ခ်ိန္တြင္ ႐ြာနားနီးခ်င္းျဖစ္သည့္ အျခား႐ြာမွ ေက်ာင္းထိုင္ဘုန္းႀကီးက ေရွ႕မွ လမ္းပိတ္ရပ္ခိုင္းကာ ဘာမွမေျပာဘဲ ကားေပၚဆြဲတင္ေၾကာင္း၊ မိခင္ျဖစ္သူက တားျမစ္ေသာ္လည္း မရဘဲ အမည္မသိ ယာဥ္ေမာင္းႏွင့္အတူ ေက်ာင္းတိုက္သို႔ ေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။ ထို႔ေနာက္ ေက်ာင္းေအာက္ထပ္ရွိ အခန္းထဲသို႔ ေခၚေဆာင္ကာ တံခါးပိတ္၍ အမ်ိဳးသမီးငယ္ကို လည္ပင္းညႇစ္ ႐ိုက္ႏွက္ေၾကာင္း၊ ေဘာင္းဘီခြၽတ္၍ ဖုန္းျဖင့္ ဓါတ္ပုံ၊ ဗြီဒီယိုမ်ား႐ိုက္ကာ သားမယား ျပဳက်င့္ရန္ ႀကံစည္ခဲ့ၿပီး အမ်ိဳးသမီးငယ္က ငိုယိုေတာင္းပန္သျဖင့္ အခန္းတံခါးဖြင့္ကာ ျပန္လႊတ္ေပးခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ နာက်င္ဒဏ္ရာ ရရွိေအာင္ ျပဳလုပ္ၿပီး အဓမၼျပဳက်င့္ရန္ ႀကံစည္သည့္ ေက်ာင္းထိုင္ဘုန္းႀကီးကို အေရးယူေပးရန္ ဧၿပီ(၇)ရက္တြင္ အမ်ိဳးသမီးငယ္က ျမစ္ငယ္နယ္ေျမရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့သည္။
အဆိုပါ ေက်ာင္းထိုင္ဘုန္းႀကီးသည္ အသက္(၅၅)ႏွစ္ (ရဟန္းဝါ-၂၅ဝါ) ရွိသူျဖစ္ၿပီး အမ်ိဳးသမီးငယ္က အမႈဖြင့္တိုင္တန္းသျဖင့္ ၎ကို ျမစ္ငယ္နယ္ေျမ ရဲစခန္း၌ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ-၂၉၅-က/၃၇၆/၅၅၁/၃၂၃ (ဘာသာ သာသနာ ညႇိဳးႏြမ္းေစမႈ၊ အဓမၼျပဳက်င့္မႈ၊ နာက်င္ေစမႈ စသည္) ျဖင့္ အမႈ႕ဖြင့္ထားသည္။ ၎ ေက်ာင္းထိုင္ဘုန္းႀကီးအား ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၏ ခြင့္ျပဳခ်က္ျဖင့္ ဖမ္းဆီး လူဝတ္လဲကာ ဆက္လက္စစ္ေဆးေနသည္ဟု ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။








Post a Comment

Previous Post Next Post