ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာ အောက်မက်လင်ချောင်မှော်ရွာရှိ တစ်သုံးလုံးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံအဟောင်း အောက်ခြေမှာ ရေမဆေးကျောက်ရှာဖွေတစ်ဦး ကျောက်တုံး ထိမှန်၍ သေဆုံးသွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သေဆုံးသူမှာ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာနေထိုင်သူ၊ (ဘ) ဦးမြင့်စိန်၏ သား အသက် ၄၀ ခန့် အရွယ်ရှိ ဦးဝင်းမောင်ဆိုသူဖြစ်ပြီး ယနေ့ ဧပြီလ ၄ ရက်နေ့၊ နံနက် (၉)နာရီ အချိန်ခန့် က အခင်းဖြစ်ပွားရာ နေရာတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၂၀၀)ခန့်မှ အလေးချိန် ပိဿာ (၃၀)ခန့်ရှိ ကျောက်တုံး ရုတ်တရက် ပြုကျထိမှန်ကာ ဦးခေါင်းနောက်စေ့ ထိမှန်ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်နှစ်ကျိုး၊ ပွန်းပဲ့ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သေဆုံးသူကို မမုံကျေးရွာ လူမှုကူညီရေးအသင်းယာဉ်နဲ့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဖားကန့်ရဲစခန်းက ရဲဆေးစာစစ်ချက်များ ရယူထားပါတယ်။

People Media

Post a Comment

Previous Post Next Post