#ကျေးဇူးပြုပြီးမလိမ်ကြပါနဲ့
ဒီနေ့ နောက်ဆုံးတွေ့တဲ့ case 16 ကို သတင်းကြားကြားချင်း တုန်းက သနားမိတယ်..အသက် ၆၃ နှစ် အရွယ် အမေအိုကြီး သူ့သား နိုင်ငံခြားပြန်ဆီကနေ ကူးရတာဆိုပြီး…ပြီးတော့မှ ပြောပြတဲ့သူဆီကနေ သိရတာ…အဲလိုဖြစ်နေတာကို ရပ်ကွက်ထဲမှာဆေးခန်းပြတယ်…မသက်သာဘူး..history လည်း ပြောမှာမဟုတ်ဘူး..ဆေးခန်းကလည်း မသိဘူးပေါ့..အဲ့မှာ မသက်သာလို့ မြောက်ဥက္ကလာ အရေးပေါ်ကိုရောက်တယ် ဆက်လိမ်တယ်..နိုင်ငံခြားကပြန်လာတာတို့ နိုင်ငံခြားပြန်မရှိပါဘူး တို့ ပေါ့..

အဲ့တော့ သီးသန့်ခန်းကို မရောက်ဘဲ ward ထဲကို ရောက်တယ်…ဘာအကာအကွယ်မှ မရှိဘဲ ကျန်းမာရေးဝန်ထမ်းတွေက monitor လုပ်တယ်..မသက်သာလို့ နောက်ဆုံးမှ history ကိုထုတ်ပြောတယ်..သူ့သားနိုင်ငံခြားပြန်ရှိပါတယ်ဆိုပြီး…ကဲ အဲလိုလိမ်လိုက်တော့ ခု ဘာဖြစ်သွားပြီလည်း …ရပ်ကွက်ထဲက ဆေးခန်း…အရေးပေါ်ဌာနကဝန်ထမ်း ..ward ထဲက တခြားလူနာ…ward ထဲက ဆရာ ဆရာမ တွေ ဆရာဝန်တွေ..အကုန် contact တွေဖြစ်ကုန်ပြီ…အကုန်ငါးပါးတင် မဟုတ် ဆယ်ပါး ပါ မှောက်တာ..ဘာလို့လိမ်ကြမှာလည်း..အဲ့ရောဂါဆို မကုပေးဖူး ပြောထားတာလည်း မရှိပါဘူး..မလိမ်ကြပါနဲ့..တောင်းပန်ပါတယ်ဗျာ..
Credit: Ye Yan Aung

Post a Comment

Previous Post Next Post