ရဲတပ်ဖွဲဝင်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ် သေဆုံး

အသုတ်နယ်မြေရဲစခန်းဝန်း လိုင်းခန်းတွင် ဧပြီ ၄ရက်နေ့က ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်နယ်မြေရဲစခန်းမှူးရဲအုပ်တင်‌မောင်လွင်မှ ဧပြီ ၄ရက်နေ့ နေလည် ၂နာရီအချိန်ခန့်က ရဲစခန်းရှိ အကူစာရေး ရဲတပ်သား အောင်မျိုးခန့် အား ရဲစခန်းဝန်း နေအိမ်လိုင်းခန်းနေ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းအား သွားခေါ်ရန် ပြောဆို ခဲ့ကြောင်း ဆိုသည်။

ထိုသို့သွားခေါ်စဉ် ၄ခန်းတွဲ ၃ထပ်ဆောင် ပထမထပ် လိုင်းခန်းအမှတ် B-1 အိပ်ခန်း အိပ်ယာဘေးတွင် ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းမှာ မှောက်လျှက် သေဆုံးနေကြောင်း တွေ့ရသဖြင့် စခန်းမှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းတွင် ပါးစပ်မှ ဝဲဘက်နားနောက် ပေါက်ထွက်ဒဏ်ရာ(၁)ချက် ရရှိကာ သေဆုံးနေပြီး ၎င်း၏ခြေရင်းဘက် တစ်ပေခွဲခန့်၌ (၃၈)ဗို့ ခြောက်လုံးပြူးသေနတ် ၁ လက်အား တွေ့ရှိရကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ကြပ်ကြီးဝင်းမင်းထွန်း (၄၂နှစ်)(အုပ်/ချုပ်)သေဆုံးမှုအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိနှိုင်ရန် အသုတ်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၂၀ ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)

Top Phoenix Media Group

Zawgyi

ရဲတပ္ဖြဲဝင္တစ္ဦး မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ခတ္ ေသဆုံး

အသုတ္နယ္ေျမရဲစခန္းဝန္း လိုင္းခန္းတြင္ ဧၿပီ ၄ရက္ေန႔က ရဲတပ္ၾကပ္ႀကီးတစ္ဦး ေသနတ္ ဒဏ္ရာျဖင့္ ေသဆုံးေနေၾကာင္း သတင္းရရွိသည္။

ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္၊ အသုတ္နယ္ေျမရဲစခန္းမႉးရဲအုပ္တင္‌ေမာင္လြင္မွ ဧၿပီ ၄ရက္ေန႔ ေနလည္ ၂နာရီအခ်ိန္ခန႔္က ရဲစခန္းရွိ အကူစာေရး ရဲတပ္သား ေအာင္မ်ိဳးခန႔္ အား ရဲစခန္းဝန္း ေနအိမ္လိုင္းခန္းေန ရဲတပ္ၾကပ္ႀကီး ဝင္းမင္းထြန္းအား သြားေခၚရန္ ေျပာဆို ခဲ့ေၾကာင္း ဆိုသည္။

ထိုသို႔သြားေခၚစဥ္ ၄ခန္းတြဲ ၃ထပ္ေဆာင္ ပထမထပ္ လိုင္းခန္းအမွတ္ B-1 အိပ္ခန္း အိပ္ယာေဘးတြင္ ရဲတပ္ၾကပ္ႀကီး ဝင္းမင္းထြန္းမွာ ေမွာက္လၽွက္ ေသဆုံးေနေၾကာင္း ေတြ႕ရသျဖင့္ စခန္းမႉးႏွင့္အဖြဲ႕မွ သြားေရာက္ စစ္ေဆးခဲ့ရာ ရဲတပ္ၾကပ္ႀကီး ဝင္းမင္းထြန္းတြင္ ပါးစပ္မွ ဝဲဘက္နားေနာက္ ေပါက္ထြက္ဒဏ္ရာ(၁)ခ်က္ ရရွိကာ ေသဆုံးေနၿပီး ၎၏ေျခရင္းဘက္ တစ္ေပခြဲခန႔္၌ (၃၈)ဗို႔ ေျခာက္လုံးျပဴးေသနတ္ ၁ လက္အား ေတြ႕ရွိရေၾကာင္း ဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲတပ္ၾကပ္ႀကီးဝင္းမင္းထြန္း (၄၂ႏွစ္)(အုပ္/ခ်ဳပ္)ေသဆုံးမႈအေပၚ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ သိႏွိုင္ရန္ အသုတ္နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၂၀ ျဖင့္ စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။

ညီညီ(လွိုင္သာယာ)

Top Phoenix Media Group

Post a Comment

Previous Post Next Post