အွန် လိုင်း ပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ မင်းသမီးကြီး မေသန်းနုရဲ့ ငွေကြေးလိမ်လည်မှု နဲ့ တရားစွဲခံရတဲ့ သတင်းကိုတော့ ပရိသတ်ကြီးလည်း ကြားသိပြီးကြပြီ ထင်ပါတယ်နော်..။

မေသန်းနုကတော့ ငွေကြေး လိမ်လည်မှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် တစ်နှစ် ကျခံနေရတာပဲဖြစ်ပါတယ်.။ ခင်ပွန်းဖြစ်သူ ဇင်ယော်မောင်မောင်က အယူခံဝင်ခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်..။

ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ တော့ ဇင်ယော်မောင်မောင် က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ ချမှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ လူတွေထဲမှာ မိန်းမဖြစ်သူ မေသန်းနု ပါဝင်ခွင့် မရခဲ့တဲ့ အကြောင်းလေးကို “အ တိတ် ကံ…! လွှတ် မဲ့ ထဲ မ ပါ ပါ ခင် ဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အထဲ ဇနီးဖြစ်သူ မေသန်းနု ပါဝင်ခွင့် မရတဲ့ အကြောင်းလေးကို ဝမ်းနည်းစွာ နဲ့ ပြောပြတင်လာခဲ့တာပဲဖြစ်ပါတယ်နော်..။
ဇင်ယော်မောင်မောင်ကတော့ ဇနီးဖြစ်သူအတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီး အမေဖြစ်သူ ထောင်ထဲမှာ နေနေရလို စိတ်မချမ်းသာဖြစ်နေရတဲ့ သားဖြစ်သူအတွက်လည်း ရှေ့ကနေ နှစ်သိမ့်ပေးကာ အကောင်း ဆုံးလုပ်ဆောင်ပေးနေတဲ့ ခင်ပွန်းကောင်း ၊ ဖခင်ကောင်းတစ်ဦးပါပဲနော် ပရိသတ်ကြီး..။

ပရိသတ်ကြီးလည်း မိန်းမဖြစ်သူ မေသန်းနု လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အထဲ ပါခွင့် မရခဲ့တဲ့အတွက် ဝမ်းနည်းနေတဲ့ ဇင်ယော်မောင်မောင်အတွက် အားပေးစကားလေးတွေ ပြောသွားပါဦးနော်..။

Souce: Zin Yaw Mg Mg’s Facebook
Credit Cele Connectiions

Post a Comment

Previous Post Next Post