ဒီနေ့(ဧပြီ၁၁)နေ့လည်ပိုင်းလောက်က စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာ စည်ပင်က သန့်ရှင်းရေးဝန်ထမ်း အချင်းချင်း စကားများရာမှ လူသတ်မှု ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

မကြီးကြီးလမ်းမှာရှိတဲ့ အမှိုက်ကန်ကိုစောင့်တဲ့ သန့်ရှင်းရေး ဝန်ထမ်းနဲ့ အမှိုက်ထုပ်လာသိမ်းတဲ့ ဝန်ထမ်း နှစ်ဦး စကားများရာမှ အမှိုက်ထုပ်လာသိမ်းတဲ့ဝန်ထမ်းက ဓါးနဲ့ထိုးခဲ့လို အမှိုက်ကန်စောင့်တဲ့ စည်ပင် သန့်ရှင်းရေးဝန် ထမ်း သေဆုံးသွားတာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသော် တာအောင်က Duwun ကိုပြောပါတယ်။
“သေဆုံးသူက စည်ပင်က အမှိုက်ကန်စောင့်တဲ့သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ဓါးနဲ့ထိုးသူကလည်း စည်ပင်ကပဲ အမှိုက်ထုပ်လာသိမ်းတဲ့ဝန်ထမ်းလို့သိရပါတယ်။သူတို့နှစ်ဦးစကားများရန်ဖြစ်ပြီး အမှိုက်ထုပ်လာ သိမ်းတဲ့သူက ဓါးနဲ့ ၂ချက်ထိုးခဲ့တာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ကျူးလွန်သူကို စမ်းချောင်း ရဲစခန်းက ဖမ်း ဆီးခေါ်ဆောင်သွားပါပြီ။”လို့ ဦးသော်တာအောင်က ပြောပါတယ်။

ရန်ကုန်မြို့မှာ မနေ့က(ဧပြီ ၁၀)ရက်နေ့မှာလည်း လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး တာမွေမြို့နယ်က မလွှကုန်းဌေး ကြွယ်(က)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။

Credit Duwun

Zawgyi

ဒီေန႔(ဧၿပီ၁၁)ေန႔လည္ပိုင္းေလာက္က စမ္းေခ်ာင္းၿမိဳ႕နယ္ မႀကီးႀကီးလမ္းမွာ စည္ပင္က သန္႔ရွင္းေရးဝန္ထမ္း အခ်င္းခ်င္း စကားမ်ားရာမွ လူသတ္မႈ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

မႀကီးႀကီးလမ္းမွာရွိတဲ့ အမႈိက္ကန္ကိုေစာင့္တဲ့ သန္႔ရွင္းေရး ဝန္ထမ္းနဲ႔ အမႈိက္ထုပ္လာသိမ္းတဲ့ ဝန္ထမ္း ႏွစ္ဦး စကားမ်ားရာမွ အမႈိက္ထုပ္လာသိမ္းတဲ့ဝန္ထမ္းက ဓါးနဲ႔ထိုးခဲ့လို အမႈိက္ကန္ေစာင့္တဲ့ စည္ပင္ သန္႔ရွင္းေရးဝန္ ထမ္း ေသဆုံးသြားတာျဖစ္တယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္ တာေအာင္က Duwun ကိုေျပာပါတယ္။
“ေသဆုံးသူက စည္ပင္က အမႈိက္ကန္ေစာင့္တဲ့သန္႔ရွင္းေရး ဝန္ထမ္းတစ္ဦး ျဖစ္ၿပီး ဓါးနဲ႔ထိုးသူကလည္း စည္ပင္ကပဲ အမႈိက္ထုပ္လာသိမ္းတဲ့ဝန္ထမ္းလို႔သိရပါတယ္။သူတို႔ႏွစ္ဦးစကားမ်ားရန္ျဖစ္ၿပီး အမႈိက္ထုပ္လာ သိမ္းတဲ့သူက ဓါးနဲ႔ ၂ခ်က္ထိုးခဲ့တာလည္း ျဖစ္ပါတယ္။လက္ရွိမွာေတာ့ က်ဴးလြန္သူကို စမ္းေခ်ာင္း ရဲစခန္းက ဖမ္း ဆီးေခၚေဆာင္သြားပါၿပီ။”လို႔ ဦးေသာ္တာေအာင္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ မေန႔က(ဧၿပီ ၁၀)ရက္ေန႔မွာလည္း လူသတ္မႈ တစ္ခု ျဖစ္ပြားခဲ့ၿပီး တာေမြၿမိဳ႕နယ္က မလႊကုန္းေဌး ႂကြယ္(က)ရပ္ကြက္မွာ ျဖစ္ပြားခဲ့တာပါ။

Credit Duwun

Post a Comment

Previous Post Next Post