Unicode
ရန်ကုန် ဧပြီ ၂၄ ။ ။ သီပေါမြို့နယ်မှာ မိလ္လာကျင်း တူးရာကနေ အောက်ဆီဂျင်ပြတ်ပြီးအမျိုးသား ၄ ဦးသေဆုံးမှု၊ ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သီပေါ မြို့နယ်၊ ဆောင်ကြဲကျေးရွာနေ ဦးအိုက်လှ (၄၈)နှစ်ရဲ့ နေအိမ်မှာ စိုင်းသီဟ(၂၅)နှစ်၊ ဇော်ဦးသာ (၂၁)နှစ်နှင့် မိုးအောင်(၂၇)နှစ် တို့နှင့်အတူ မိလ္လာကျင်းတူးနေစဉ် အနက် ၁၈ ပေခန့် အရောက်တွင် ကျင်းဟောင်းနဲ့ ကပ်လျက် တူးမိသကျင်းနံရံ ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။

မိလ္လာကျင်း အဟောင်းက ရေနှင့်မစင်များ ထွက်ကျ လာပြီး ဦးအိုက်လှ ပါ ၄ ဦးမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ သည်ကနေ့ထုတ်ပြန် ထားပါ တယ်။


သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကို နယ်စည်းမခြား ပရဟိတအဖွဲ့ မှအရေးပေါ်ကား(၅)စီးနဲ့သီပေါမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ည ၁၀ နာရီကျော် အချိန်က သွားရောက် ကူညီသယ်ဆောင်ကာ သီပေါဆေးရုံ ရင်ခွဲရုံသို့ ပို့ပေးခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတ (သီပေါ)အဖွဲ့ဆီကသိရပါတယ် ။

Zawgyi







Credit Kumudra

Post a Comment

Previous Post Next Post