ယနေ့သင်္ကြန်အကြို မနက်ပိုင်းတွင် ပျဉ်းမနားမြို့ကြံပတ်လမ်းတွင်ကလေးများ ရေကစားနေ
သို့
ဥက္ကဌနေပြည်တော်ကောင်စီပြည်ထောင်စုနယ်မြေ နေပြည်တော်
အကြောင်းအရာ။ ။သင်္ကြန်ရက်အတွင်းရေပက်ကစားခြင်းပြုမပြု ရှင်းလင်းစွာထုတ်ပြန်ပေးပါရန်
ယနေ့သင်္ကြန်အကြိုမနက်ပိုင်းတွင်ပျဉ်းမနားမြို့ကြံပတ်လမ်းတွင်ကလေးများရေကစားနေတာကိုတွေ့ရပါသည်
တစတစနှင့်မြို့အနှံ့လူကြီးများပါရေကစားလာပါက လူစုလူဝေးဖြစ်ပေါ်နိူင်ပြီး social distancing သွေဖီနိုင်ပါသည်
ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သောကိန်းဂဏန်းများအရ ယခုရက်ပိုင်းအတွင်းကူးစက်မှုနှုန်းမြင့်တက်လာသည်ကိုတွေ့ရှိရပါသည်
ကြိုတင်ကာကွယ်သောအားဖြင့်စာထွက်တရားဝင်တားမြစ်သင့်ပါသည်
သို့ပါသောကြောင့်ရှင်းလင်းစွာသိရှိနိုင်ရင်ပြည်သူသို့ညွှန်ကြားပေးပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
ခင်မောင်ဇော်
အကုန်သေကုန်ကြတော့မှာပဲ ကလေးတွေကဆော့ချင်နေတောင် လူကြီးတွေက တားရမှာလေ
မကြောက်မရွံ့ နဲ့ အသိဉာဏ်ကလဲ နည်းလိုက်ကြတာနော်…
တစ်နေ့တစ်ခြားကူးစက်သူတွေ များပြားလာလို့ ကြောက်နေရပါတယ်ဆိုမှ သူတို့ကတစ်မျိုးပ
သတင်းတွေမကြည့်တာလား မဖတ်တာလား? စည်းကမ်းတွေ လိုက်နာရမယ့်အချိန်ရောက်နေပီနော်
အားလုံးသတိနဲ့နေ သတိနဲ့သွား သတိနဲ့စားကြပါ…. အတတ်နိုင်ဆုံး အိမ်ပြင် လုံးဝမထွက်ကြပါနဲ့
လေးစားစွာဖြင့်—ပေသီး
Zawgyi
သို့
တစတစနှင့်မြို့အနှံ့လူကြီးများပါရေကစားလာပါက လူစုလူဝေးဖြစ်ပေါ်နိုင်ပြီး social distancing သွေဖီနိုင်ပါသည်
ခင်မောင်ဇော်
လေးစားစွာဖြင့်—ပေသီး
Post a Comment
Previous Post Next Post