ထိုင်းနိုင်ငံကတော့ ယခုရက်ပိုင်း COVID 19 ဗိုင်းရပ်စ်တွေ့ရှိသူ အရေအတွက် ဆက်တိုက်ကျဆင်းလာခဲ့ပြီး ရောဂါကို ထိန်းချုပ်နိုင်ဖို့ နီးစပ်လာနေတာပါ နောက်ထပ် သတင်းကောင်းတရပ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ကိုဗစ် ၁၉ ကူးစက်ခံရသူ တစ်လသားအရွယ် ကလေးငယ်ဟာလည်း ရောဂါကနေ ပြန်လည်ကောင်းမွန်လာနေပြီလို့ သိရပါတယ်

ဗိုင်းရပ်စ်နှိမ်နှင်းရေးဆေး ၄ မျိုးကို ကလေးငယ်အတွက် အသုံးပြုခဲ့ပြီးတဲ့နောက်မှာတော့ ပြန်လည်သက်သာလာခဲ့တာဖြစ်တယ်လို့ ထိုင်းကလေးအထူးကုဆရာဝန် Visual Moolasartကဆိုပါတယ် ကလေးငယ်ကို ဘန်ကောက်ကူးစက်ရောဂါအင်စတီကျုမှာဆယ်ရက်တာ
စောင့်ကြည့်ကုသခဲ့ကြတာဖြစ်ပြီးနောက်ဆုံးမှာအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့တာပါ
ယနေ့အချိန်ထိ ထိုင်းနိုင်ငံမှာ ကူးစက်သူပေါင်း ၂၈၃၉ ဦးရှိပြီး ၅၀ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်များအရသိရပါတယ်


ထိုင်းကျန်းမာရေးဌာနကတော့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီး တင်းကျပ်စွာ ထိန်းချုပ်ထားကာ ရောဂါပျံ့နှံ့မှုကို အကောင်းဆုံးလုပ်ဆောင်လျှက်ရှိပါတယ်

Zawgyi

ထိုင္းႏိုင္ငံကေတာ့ ယခုရက္ပိုင္း COVID 19 ဗိုင္းရပ္စ္ေတြ႕ရွိသူ အေရအတြက္ ဆက္တိုက္က်ဆင္းလာခဲ့ၿပီး ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ နီးစပ္လာေနတာပါ ေနာက္ထပ္ သတင္းေကာင္းတရပ္အေနနဲ႔ ထိုင္းႏိုင္ငံရဲ႕ အသက္အငယ္ဆုံး ကိုဗစ္ ၁၉ ကူးစက္ခံရသူ တစ္လသားအ႐ြယ္ ကေလးငယ္ဟာလည္း ေရာဂါကေန ျပန္လည္ေကာင္းမြန္လာေနၿပီလို႔ သိရပါတယ္

ဗိုင္းရပ္စ္ႏွိမ္ႏွင္းေရးေဆး ၄ မ်ိဳးကို ကေလးငယ္အတြက္ အသုံးျပဳခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ျပန္လည္သက္သာလာခဲ့တာျဖစ္တယ္လို႔ ထိုင္းကေလးအထူးကုဆရာဝန္ Visual Moolasartကဆိုပါတယ္ ကေလးငယ္ကို ဘန္ေကာက္ကူးစက္ေရာဂါအင္စတီက်ဳမွာဆယ္ရက္တာ
ေစာင့္ၾကည့္ကုသခဲ့ၾကတာျဖစ္ၿပီးေနာက္ဆုံးမွာအေျခအေန ျပန္လည္ေကာင္းမြန္လာခဲ့တာပါ
ယေန႔အခ်ိန္ထိ ထိုင္းႏိုင္ငံမွာ ကူးစက္သူေပါင္း ၂၈၃၉ ဦးရွိၿပီး ၅၀ ဦးေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မ်ားအရသိရပါတယ္

ထိုင္းက်န္းမာေရးဌာနကေတာ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ ျပင္းျပင္းထန္ထန္ သတိေပးထားၿပီး တင္းက်ပ္စြာ ထိန္းခ်ဳပ္ထားကာ ေရာဂါပ်ံ႕ႏွံ႔မႈကို အေကာင္းဆုံးလုပ္ေဆာင္လွ်က္ရွိပါတယ္

Credit  နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Post a Comment

Previous Post Next Post