အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်ကို ပိုးကူးစက်သွားရတဲ့ အကြောင်းအရင်းအား ဖော်ပြလိုက်ပါတယ်-

လူနာနံပါတ် (၃၀) က ပြည်‌ဆေးရုံက မေ့ဆေးဆရာဝန်မကြီးပါ။ ပေါက်ခေါင်းမှ (ယခုကွယ်လွန်) လူနာနံပါတ် (၁၆) ၏ အသက်ရူလမ်းကြောင်းထဲသို့ အသက်ရှူစက်မှ ပိုက်ကိုထည့်ရာတွင် ဆရာဝန် အနည်းဆုံး နှစ်ယောက်မှ သုံးယောက်လိုအပ်ပါတယ်၊
ဒါပေမယ်လို့ ထိသွားပါက ဆရာဝန်အင်အားလျော့မှာစိုးရိမ်ခြင်းအပြင် သူမက အသက်အရွယ်ကြီး၍ ထိခြင်းထိ သူမသာ အထိခံမည်ဟုဆုံးဖြတ်ကာ လူနာ၏ အခန်းထဲသို့ သူမတစ်ဦးတည်း ဝင်ရောက်ပြီး လည်ချောင်းထဲသို့ ပိုက်ကိုထည့်ရာတွင် နှစ်ခါ သုံးခါ ကြိုးစားသော်လည်း မရပါ။မမြင်ရပါသဖြင့် နောက်ဆုံး သူမ၏ အကာအကွယ်ဖြစ်သည့် အကာအကွယ်မျက်မှန် ကိုချွတ် ပြီး လုပ်ဆောင်မှသာ အဆင်ပြေ မည်ဟူ၍ ဆုံးဖြတ် လုပ်ဆောင်ခဲ့ပါတယ်။

ဤကဲ့သို့ အဆင်ပြေအောင်မြင်စေရန် လုပ်ဆောင်မူကြောင့် သူမ အား ကိုဗစ်ကူးနိုင်သည်ကို သိသိကြီးဖြင့် လူနာ၏ အသက်အား ကယ်တင်ဘို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အကာအကွယ်မျက်မှန်ကို ချွတ်မှသာ မြင်ရမှာဖြစ်ပြီး အကယ်၍ ချွတ်ပါကလည်း သူမကို ရောဂါ ကူးစက်နိုင်သည်ကို သိသော်လည်းမေ့ဆေးဆရာဝန်မကြီး ၏ လူနာကို ကယ်တင်လိုသည့် စိတ်ဓာတ် ခွန်အားနှင့် လုပ်ဆောင်မှုသည် အလွန်ပင် ကြီးမြတ်ပါပေသည်။
အကယ်၍သူမအား အသက်ရှုစက်တင်ရမည့် အခြေအနေဖြစ်ပါက မတင်ပါနဲ့ဟူ၍ လက်မှတ်ထိုးလိုက်သည်ဟုလည်းကြားသိရပါတယ်။ အဘယ်ကြောင်ဲဆိုသော် အသက်ရှုစက် တင်ရပါက အဆင်မသင့်လျှင် လုပ်ဆောင်သူအား ကူးနိုင်ပါ သဖြင့် ဟုဆိုပါတယ်။

ကျွန်ုပ်တို့ နိုင်ငံသားအားလုံးမှ ပြည်ဆေးရုံမှမေ့ဆေးဆရာဝန်ကြီးနဲ့အတူ တစ်နိုင်ငံလုံးမှ ဆရာဝန်များ၊ သူနာပြုများ၊အဖက်ဖက်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျန်းမာရေး အောက်ခြေဝန်ထမ်းများ အားလုံးကို အထူး(အထူး) ကျေးဇူးတင်လွန်းလှ ပါကြောင်း ရေးသား ဂုဏ်ပြုလိုက်ရပါတယ်။

အလေးထားစွာဖြင့် ကိုသိန်းဌး ၈၈ ပဲခူး (11.4.2020)။

Zawgyi

အမ်ားအတြက္ ကုိယ္က်ဳိးစြန္႔ အနစ္နာခံၿပီး ကုိရုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးမွာ ေရွ႕တန္းက စြမ္းစြမ္းတမံ ပါဝင္ခဲ့တဲ့ ဆရာဝန္မႀကီး ေဒၚျမင့္ျမင့္စိန္ကုိ ပုိးကူးစက္သြားရတဲ့ အေၾကာင္းအရင္းအား ေဖာ္ျပလုိက္ပါတယ္-

လူနာနံပါတ္ (၃၀) က ျပည္‌ေဆး႐ုံက ေမ့ေဆးဆရာဝန္မႀကီးပါ။ ေပါက္ေခါင္းမွ (ယခုကြယ္လြန္) လူနာနံပါတ္ (၁၆) ၏ အသက္႐ူလမ္းေၾကာင္းထဲသို႔ အသက္ရွဴစက္မွ ပုိက္ကိုထည့္ရာတြင္ ဆရာဝန္ အနည္းဆုံး ႏွစ္ေယာက္မွ သုံးေယာက္လိုအပ္ပါတယ္၊

ဒါေပမယ္လို႔ ထိသြားပါက ဆရာဝန္အင္အားေလ်ာ့မွာစိုးရိမ္ျခင္းအျပင္ သူမက အသက္အ႐ြယ္ႀကီး၍ ထိျခင္းထိ သူမသာ အထိခံမည္ဟုဆုံးျဖတ္ကာ လူနာ၏ အခန္းထဲသို႔ သူမတစ္ဦးတည္း ဝင္ေရာက္ၿပီး လည္ေခ်ာင္းထဲသို႔ ပုိက္ကိုထည့္ရာတြင္ ႏွစ္ခါ သုံးခါ ႀကိဳးစားေသာ္လည္း မရပါ။မျမင္ရပါသျဖင့္ ေနာက္ဆုံး သူမ၏ အကာအကြယ္ျဖစ္သည့္ အကာအကြယ္မ်က္မွန္ ကိုခြၽတ္ ၿပီး လုပ္ေဆာင္မွသာ အဆင္ေျပ မည္ဟူ၍ ဆုံးျဖတ္ လုပ္ေဆာင္ခဲ့ပါတယ္။

ဤကဲ့သို႔ အဆင္ေျပေအာင္ျမင္ေစရန္ လုပ္ေဆာင္မူေၾကာင့္ သူမ အား ကုိဗစ္ကူးႏိုင္သည္ကို သိသိႀကီးျဖင့္ လူနာ၏ အသက္အား ကယ္တင္ဘို႔ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ အကာအကြယ္မ်က္မွန္ကို ခြၽတ္မွသာ ျမင္ရမွာျဖစ္ၿပီး အကယ္၍ ခြၽတ္ပါကလည္း သူမကို ေရာဂါ ကူးစက္န္ိုင္သည္ကို သိေသာ္လည္းေမ့ေဆးဆရာဝန္မႀကီး ၏ လူနာကို ကယ္တင္လိုသည့္ စိတ္ဓာတ္ ခြန္အားႏွင့္ လုပ္ေဆာင္မႈသည္ အလြန္ပင္ ႀကီးျမတ္ပါေပသည္။

အကယ္၍သူမအား အသက္ရႈစက္တင္ရမည့္ အေျခအေနျဖစ္ပါက မတင္ပါနဲ႔ဟူ၍ လက္မွတ္ထိုးလိုက္သည္ဟုလည္းၾကားသိရပါတယ္။ အဘယ္ေၾကာင္ဲဆိုေသာ္ အသက္ရႈစက္ တင္ရပါက အဆင္မသင့္လွ်င္ လုပ္ေဆာင္သူအား ကူးႏိုင္ပါ သျဖင့္ ဟုဆိုပါတယ္။

ကြၽႏ္ုပ္တို႔ ႏိုင္ငံသားအားလုံးမွ ျပည္ေဆး႐ုံမွေမ့ေဆးဆရာဝန္ႀကီးနဲ႔အတူ တစ္ႏိုင္ငံလုံးမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊အဖက္ဖက္မွ က်န္းမာေရးဝန္ထမ္းမ်ား ႏွင့္ က်န္းမာေရး ေအာက္ေျခဝန္ထမ္းမ်ား အားလုံးကို အထူး(အထူး) ေက်းဇူးတင္လြန္းလွ ပါေၾကာင္း ေရးသား ဂုဏ္ျပဳလိုက္ရပါတယ္။

အေလးထားစြာျဖင့္ ကိုသိန္းဌး ၈၈ ပဲခူး (11.4.2020)။

Post a Comment

Previous Post Next Post