“အသက် (၉)နှစ်အောက်အရွယ် Covid-19 ကူးစက်ခံရပါက သေဆုံးစရာ အကြောင်းမရှိ” ဟု ပဲခူးဝန်ကြီးချုပ်ပြောကြား…

ဇီးကုန်းမြို့နယ် တွင် ပြည်တော်ပြန် များစစ်ဆေးသောဂိတ်အား မြို့နယ်အဆင့်ကိုဗစ်ကာကွယ် ကုသထိန်းချုပ်ရေးကော်မတီမှဖျက်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး‌ ဒေသခံသတင်းသမားတစ်ဦးမှ တယ်လီဖုန်ဖြင့်မေးမြန်ရာတွင် ပဲခူတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိတဲ့အတွက် Social Distance လုပ်ကြပါ။ အကယ်၍တစ်စုံတစ်ယောက်ဆီမှာ ပါသွားရင်လဲ အဲဒီတစ်စုံတစ်ယောက်ကို သွားမထိနဲ့ ထိလို့ရှိရင်လဲ အသက် ၉ နှစ်အောက် သေစရာအကြောင်းမရှိဘူး ကူးစက်စရာ ‌တောင်အကြောင်းသိပ်မရှိဘူး။ သူ့ရဲ့ခန္ဓာကိုယ်ရဲ့ဆဲလ်လေးတွေက အမြဲမပြတ်ထွန်းကားနေတဲ့အချိန်ဖြစ်တဲ့ကြောင့် ၉ နှစ်အောက်ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး သေဆုံးဖို့လည်းမရှိဘူး။ ဗိုင်းရပ်စ်တော့ ပူးကပ်ကောင်း ပူးကပ်နိုင်တယ်။ ကမ္ဘာပေါ်မှာ အသေအပျောက်မရှိဘူး ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

သူဆီက ဗိုင်းရပ်စ်တွေကတော့ အဖိုးတွေ အဖွားတွေဆီ ပြန်ကူးသွားနိုင်တယ်။ ဦးနော်ထွယ် ပေါက်ခေါင်းကဖြစ်တဲ့ကိစ္စဆို သား‌တွေသမီးတွေက ကူးတာလဲပြောလို့မရဘူးပေါ့နော် အမေကနေသားတွေသမီးတွေ သားသမီးဆီကနေ တစ်ခါတစ်ရံလာလည်တဲ့သူအဖေဆီကိုကူးတယ်ပေါ့ ပြောရမှာလဲအတော်ခက်တယ် ဒီဟာတွေကို Social Distance လုပ်ကြပါ။ ဖြစ်ရင်လည်းပဲ တစ်ယောက်ခြင်းကို ဆွဲထုတ်ပြီးကုလို့ရတယ် ဟုဝန်ကြီးချုပ်ကဆိုသည်။
ဧပြီ ၈ ရက်နေ့နံက်ပိုင်းက ပြည်အထွေထွေရောဂါကုဆေးရုံတွင် Covid 19 ဗိုင်းရပ်စ် ကူးစက်ခံရဟုဆိုကာ ကွယ်လွန်သွားသော ပေါက်ခေါင်းမြို့နယ် ဦးနော်ထွယ် (Case 17) နှင့်အတူ ၎င်း၏ သမီး ၈ နှစ်အရွယ် ၁ ဦး ၁၀ နှစ်အရွယ် သား ၁ ဦးနှင့် ၁၈ နှင့်အရွယ်တူမ ၁ ဦးတို့ (Case 18/19/20) တို့သည့် ကလလေးမိခင် (Case 15) ထံမှ Covid 19 ဗိုင်းရပ်စ်အကူးစက်ခံထားရသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပြီး ကလေး ၃ ဦးမှာ‌ ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးတည်ငြိမ်လျက်ရှိသည်ဟု သိရသည်။

Bago Weekly Journal

Post a Comment

Previous Post Next Post