ဒုသမ္မတနဲ့ မိသားစုအပါအဝင် လူအယောက် ၃၀ ကျော်ကို ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်မယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို သမ္မတအိမ်တော်သတင်းထောက်အဖွဲ့ကို လူမှုကွန်ရက်ကတစ်ဆင့် ဒီကနေ့ ဧပြီ ၁၄ ရက်မနက်ပိုင်းမှာ ဖြေကြားခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တရားဟောဆရာတစ်ဦးနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ မေးမြန်းချက်အပေါ် သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ အဲဒီပုံတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကလို့ စိစစ်သိရပြီး မြန်မာမှ ာအစောဆုံးကူးစက်မှုတွေ့ခဲ့ရတာက မတ်လ ၂၃ ရက်ဖြစ်ကြောင်း၊အဲဒီ ဘာသာရေးအဖွဲ့နဲ့ အဲဒီရက်နောက်ပိုင်း တွေ့ဆုံမှုမရှိကြောင်း သိရတယ်လို့ ဦးဇော်ဌေးက လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှုမြင့်တက်နေတာတွေ့ရလို့ ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။


Zawgyi

ဒုသမၼတနဲ႔ မိသားစုအပါအဝင္ လူအေယာက္ ၃၀ ေက်ာ္ကို ဓာတ္ခြဲနမူနာယူၿပီး ေဆးစစ္မယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးကို သမၼတအိမ္ေတာ္သတင္းေထာက္အဖြဲ႕ကို လူမႈကြန္ရက္ကတစ္ဆင့္ ဒီကေန႔ ဧၿပီ ၁၄ ရက္မနက္ပိုင္းမွာ ေျဖၾကားခဲ့ပါတယ္။

လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ တရားေဟာဆရာတစ္ဦးနဲ႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူတို႔ ဓာတ္ပုံေတြနဲ႔ပတ္သက္လို႔ ေမးျမန္းခ်က္အေပၚ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။ အဲဒီပုံေတြဟာ ေဖေဖာ္ဝါရီ ၉ ရက္ေန႔ကလို႔ စိစစ္သိရၿပီး ျမန္မာမွ ာအေစာဆုံးကူးစက္မႈေတြ႕ခဲ့ရတာက မတ္လ ၂၃ ရက္ျဖစ္ေၾကာင္း၊အဲဒီ ဘာသာေရးအဖြဲ႕နဲ႔ အဲဒီရက္ေနာက္ပိုင္း ေတြ႕ဆုံမႈမရွိေၾကာင္း သိရတယ္လို႔ ဦးေဇာ္ေဌးက လူမႈကြန္ရက္ကတစ္ဆင့္ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ အခုလို ထိေတြ႕မႈသတင္းေတြအေပၚ လူထုစိုးရိမ္မႈျမင့္တက္ေနတာေတြ႕ရလို႔ ရွင္းရွင္းလင္းလင္းသိႏိုင္ေအာင္ ဒုတိယသမၼတႀကီးနဲ႔ မိသားစုဝင္ေတြ၊ အနီးကပ္ထိေတြ႕မႈရွိသူေတြ အားလုံး၊ စုစုေပါင္း လူသုံးဆယ္ေလာက္ကို ဒီေန႔ ဓါတ္ခြဲနမူေတြ ရယူၿပီး စစ္မွာ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္အႀကီးအကဲေတြရဲ႕ က်န္းမာေရးအတြက္ ေနအိမ္အဝင္ အထြက္ေတြ၊ ေတြ႕ဆုံမႈေတြကို က်န္းမာေရး guideline ေတြနဲ႔အညီအထူးၾကပ္မတ္ စိစစ္မႈေတြ ေဆာင္႐ြက္ထားတယ္လို႔ ဆိုပါတယ္။


#ဘီဘီစီ

Post a Comment

Previous Post Next Post