သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ(၄) ခုဖြင့် အိမ်အကူမလေးရဲ့ မိခင်ဘက်မှ ရွှေပေါက်ကံ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့် တို့ဟာ အိမ်အကူကောင်မလေးကို အက်စစ်ဖြင့် ပက်လိုက်တာကြောင့် အိမ်အကူကောင်မလေးရဲ့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းခိုင်က ရွှေပေါက်ကံရဲစခန်းမှာ ပုဒ်မ (၄) ခုတို့ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မဲဆန္ဒနယ် အမှတ်(၂) မြောက်ဥက္ကလာပမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ကို Duwun Media မှ ဖုန်းဖြင့်ဆက်သွယ်မေးရာတွင် ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“ ဒီအမှုနဲ့ ပတ်သက်ပြီး အန်ကယ်လ် သိထားတာကတော့ မနေ့က ၃ နာရီလောက်က အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ပုဒ်မ ၄ ခုပေါ့။ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်ပဲ သိတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်မင်းရာဇာနှင့် အိမ်အကူမလေးတို့ရဲ့ လူမှုရေးဖောက်ပြန်မှု အသံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုလည်း ခံနေရတာဖြစ်သလို ဝေဖန်မှုတွေလည်း အမျိုးမျိုးရှိနေတာကိုလည်း တွေ့ရပါတယ်။


လက်ရှိမှာတော့ အဆိုပါအမှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်မင်းရာဇာတို့ ဇနီးမောင်နှံကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။

Zawgyi

သ႐ုပ္ေဆာင္ မင္းရာဇာ၊ မဖူးငုံပြင့္နဲ႔ ဦးေမာင္ေမာင္ေအးတို႔ကို ပုဒ္မ(၄) ခုျဖင့္ အိမ္အကူမေလးရဲ႕ မိခင္ဘက္မွ ေ႐ႊေပါက္ကံ ရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

သ႐ုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီးျဖစ္သူ မဖူးငုံပြင့္ တို႔ဟာ အိမ္အကူေကာင္မေလးကို အက္စစ္ျဖင့္ ပက္လိုက္တာေၾကာင့္ အိမ္အကူေကာင္မေလးရဲ႕ မိခင္ျဖစ္သူ ေဒၚသင္းသင္းခိုင္က ေ႐ႊေပါက္ကံရဲစခန္းမွာ ပုဒ္မ (၄) ခုတို႔ျဖင့္ အမႈဖြင့္အေရးယူထားတယ္လို႔ မဲဆႏၵနယ္ အမွတ္(၂) ေျမာက္ဥကၠလာပၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္လြင္ကို Duwun Media မွ ဖုန္းျဖင့္ဆက္သြယ္ေမးရာတြင္ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

“ ဒီအမႈနဲ႔ ပတ္သက္ၿပီး အန္ကယ္လ္ သိထားတာကေတာ့ မေန႔က ၃ နာရီေလာက္က အမႈဖြင့္ထားတယ္လို႔ ေျပာတယ္။ ပုဒ္မ ၄ ခုေပါ့။ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔နဲ႔ အမႈဖြင့္ထားတယ္ပဲ သိတယ္” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္မင္းရာဇာႏွင့္ အိမ္အကူမေလးတို႔ရဲ႕ လူမႈေရးေဖာက္ျပန္မႈ အသံဖိုင္ေတြဟာ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈလည္း ခံေနရတာျဖစ္သလို ေဝဖန္မႈေတြလည္း အမ်ိဳးမ်ိဳးရွိေနတာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ အဆိုပါအမႈနဲ႔ပတ္သက္ၿပီး သ႐ုပ္ေဆာင္မင္းရာဇာတို႔ ဇနီးေမာင္ႏွံကိုလည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။ အက္ရွင္ဇာတ္ကားေတြနဲ႔ ပရိသတ္အားေပးမႈ အမ်ားႀကီးရရွိခဲ့တဲ့ မင္းရာဇာဟာ အႏုပညာသက္တမ္း ႏွစ္မ်ားစြာ ၾကာေနၿပီျဖစ္ပါတယ္။ သူ႔ အေနနဲ႔ အခုခ်ိန္ထိလည္း ပရိသတ္အခိုင္အမာရရွိၿပီးသား အႏုပညာရွင္တစ္ေယာက္ပါ။ မင္းရာဇာကိုေတာ့ရန္ကုန္ပရိသတ္ ေတြထက္ နယ္ပရိသတ္က ပိုၿပီး ခ်စ္ခင္အားေပးတာကိုလည္း ေတြ႕ရပါတယ္။
Credit Duwun

Post a Comment

Previous Post Next Post