ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နယူးဇီလန်နိုင်ငံကတော့ မကြာခင်ကာလမှာပဲ ကိုဗစ်အိပ်မက်ဆိုးကနေ နိုးထနိုင်တော့မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က ပြောဆိုလိုက်ပါပြီ။
အခုဆိုရင် ကူးစက်မှုတွေကို ထိန်းချုပ်လာနိုင်ပြီးတော့ ၃ ပတ်အတွင်းမှာ ထပ်မံကူးစက်မှု အနိမ့်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် မကြာခင်မှာ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်တယ်လို့
ဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါကလည်း ပြည်သူတွေရဲ့ စွမ်းဆောင်မှု ကြီးမားခဲ့တာကြောင့် ဖြစ်တယ်လို့ အတိအလင်းပဲ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ Lock Down ချထားပြီးတော့ ဒီ Lock Down ရဲ့ သက်တမ်းဟာ ၂၂ ရက်နေ့ကြရင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ထိန်းချုပ်မှုလုပ်ငန်းစဉ် တိုးတက်လာတာကြောင့် Lock Down ကို ဖြေလျော့ပေး
မလားဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ အစိုးရက လာမည့် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
နယူးဇီလန် နိုင်ငံမှာ Covid ရောဂါ ကူးစက်ခံရသူ ၉၉၂ ဦး ရှိပြီးတော့ ၁ ဦးသာ အသေအပျောက်ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အတုယူပြီး အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ထိထိမိမိလိုက်နာနိုင်ကြစေဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။


Zawgyi








Post a Comment

Previous Post Next Post