အသက်(၈၇)နစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ဧပြီလ(၂၄)ရက်နေ့ညပိုင်းက ထုတ်ပြန်ချက်မှာ ထပ်တိုးလူနာအဖြစ်ပါဝင်ခဲ့တဲ့ မူဆယ်က လူနာ နံပါတ်(၁၄၃) အသက်(၈၇)နှစ်အရွယ် အဘွားဟာ ခရီးသွားရာဇဝင်ရှိခဲ့ပြီး ဗုဒ္ဓဂါယာနဲ့ ဒူဘိုင်းကို သွားရောက်ခဲ့သူလို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လအလယ်လောက်က ဗုဒ္ဓဂါယာကို ဘုရားဖူးသွားခဲ့ပြီး အပြန်မှာ ဒူဘိုင်းမှာရှိတဲ့ သမီးဆီကို အလည်ဝင်ရောက်ခဲ့ဖူးတယ်လို့ မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကိုကိုက ပြောပါတယ်။


“ သူကဘယ်ကကူးလဲဆိုတာက ပြောဖို့ခက်တယ်ဗျ။ အတည်ပြုလုူနာတွေနဲ့ထိတွေ့မှုမရှိထားဘူး။ ဒါပေမယ့် ခရီးသွားရာဇဝင်ရှိထားတယ်။ မတ်လလောက်က ဗုဒ္ဓဂါယာကို ဘုရားဖူးသွားထားပြီး အပြန်မှာ ဒူဘိုင်းက သမီးဆီဝင်တယ်တဲ့။ အဲဒီကနေမှ ရန်ကုန်ကနေတဆင့် ပြန်ရောက်လာတာ။ပြန်ရောက်ကတည်းက သူ့အိမ်မှာပဲနေတာ အပြင်မထွက်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချောင်းဆိုလို့ သူနဲ့အတူနေတဲ့ သမီးနှစ်ယောက်နဲ့အတူ ဆေးစစ်တော့မှ သူ့ဆီမှာ Positive တွေ့ခဲ့တာ” လို့ ဦးထွန်းကိုကိုကပြောပါတယ်။
လူနာနံပါတ် (၁၄၃)က ရှမ်းပြည်နယ်မူဆယ်မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ လူနာဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။မူဆယ်မြို့ ဈေးရပ်ကွက်ထဲမှာ ရှိတဲ့ လူနာရဲ့ နေအိမ်အနီးတစ်ဝိုက်လမ်းတွေကိုတော့ ဒီကနေ့မနက်ပိုင်းမှာ Lock Down လုပ်ထားပြီလို့ ဆိုပါတယ်။မူဆယ်မြို့က ဝူဟန်မှာ ရောဂါစဖြစ်ပွားစဉ်ကတည်းက အဝင်အထွက်ဂိတ်တွေကို အထူးကြပ်မတ်ပြီး စစ်ဆေးမှုတွေလုပ်ထားသလို လူနာတွေထားဖို့အတွက်လည်း သီးသန့်ဆေးရုံပြင်ဆင်ထားတာကြောင့် အခုလူနာကိုလည်း အဆိုပါဆေးရုံမှာပဲ ဆေးကုသမှုပေးနေတယ်လို့ ဦးထွန်းကိုကိုကပြောပါတယ်။
မူဆယ်မှာ တရုတ်ကပြန်လာတဲ့ မြန်မာလုပ်ထားတွေကို Quarantine ထားစောင့်ကြည့်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့မရှိခဲ့ဘဲ တခြားပြည်ပခရီးကပြန်လာတဲ့သူဆီမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

အသက္(၈၇)နစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးျဖစ္ပါတယ္။ဧၿပီလ(၂၄)ရက္ေန႔ညပိုင္းက ထုတ္ျပန္ခ်က္မွာ ထပ္တိုးလူနာအျဖစ္ပါဝင္ခဲ့တဲ့ မူဆယ္က လူနာ နံပါတ္(၁၄၃) အသက္(၈၇)ႏွစ္အ႐ြယ္ အဘြားဟာ ခရီးသြားရာဇဝင္ရွိခဲ့ၿပီး ဗုဒၶဂါယာနဲ႔ ဒူဘိုင္းကို သြားေရာက္ခဲ့သူလို႔ သိရပါတယ္။ၿပီးခဲ့တဲ့ မတ္လအလယ္ေလာက္က ဗုဒၶဂါယာကို ဘုရားဖူးသြားခဲ့ၿပီး အျပန္မွာ ဒူဘိုင္းမွာရွိတဲ့ သမီးဆီကို အလည္ဝင္ေရာက္ခဲ့ဖူးတယ္လို႔ မူဆယ္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းကိုကိုက ေျပာပါတယ္။


“ သူကဘယ္ကကူးလဲဆိုတာက ေျပာဖို႔ခက္တယ္ဗ်။ အတည္ျပဳလုူနာေတြနဲ႔ထိေတြ႕မႈမရွိထားဘူး။ ဒါေပမယ့္ ခရီးသြားရာဇဝင္ရွိထားတယ္။ မတ္လေလာက္က ဗုဒၶဂါယာကို ဘုရားဖူးသြားထားၿပီး အျပန္မွာ ဒူဘိုင္းက သမီးဆီဝင္တယ္တဲ့။ အဲဒီကေနမွ ရန္ကုန္ကေနတဆင့္ ျပန္ေရာက္လာတာ။ျပန္ေရာက္ကတည္းက သူ႔အိမ္မွာပဲေနတာ အျပင္မထြက္ဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ေခ်ာင္းဆိုလို႔ သူနဲ႔အတူေနတဲ့ သမီးႏွစ္ေယာက္နဲ႔အတူ ေဆးစစ္ေတာ့မွ သူ႔ဆီမွာ Positive ေတြ႕ခဲ့တာ” လို႔ ဦးထြန္းကိုကိုကေျပာပါတယ္။


လူနာနံပါတ္ (၁၄၃)က ရွမ္းျပည္နယ္မူဆယ္မွာ ပထမဆုံးေတြ႕ရွိခဲ့တဲ့ လူနာျဖစ္ၿပီး လက္ရွိမွာေတာ့ က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရပါတယ္။မူဆယ္ၿမိဳ႕ ေဈးရပ္ကြက္ထဲမွာ ရွိတဲ့ လူနာရဲ႕ ေနအိမ္အနီးတစ္ဝိုက္လမ္းေတြကိုေတာ့ ဒီကေန႔မနက္ပိုင္းမွာ Lock Down လုပ္ထားၿပီလို႔ ဆိုပါတယ္။မူဆယ္ၿမိဳ႕က ဝူဟန္မွာ ေရာဂါစျဖစ္ပြားစဥ္ကတည္းက အဝင္အထြက္ဂိတ္ေတြကို အထူးၾကပ္မတ္ၿပီး စစ္ေဆးမႈေတြလုပ္ထားသလို လူနာေတြထားဖို႔အတြက္လည္း သီးသန႔္ေဆး႐ုံျပင္ဆင္ထားတာေၾကာင့္ အခုလူနာကိုလည္း အဆိုပါေဆး႐ုံမွာပဲ ေဆးကုသမႈေပးေနတယ္လို႔ ဦးထြန္းကိုကိုကေျပာပါတယ္။


မူဆယ္မွာ တ႐ုတ္ကျပန္လာတဲ့ ျမန္မာလုပ္ထားေတြကို Quarantine ထားေစာင့္ၾကည့္ခဲ့ရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့မရွိခဲ့ဘဲ တျခားျပည္ပခရီးကျပန္လာတဲ့သူဆီမွာ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post