ဒီနေ့ဟာCOVIDရောဂါရှိနေသူတစ်ဦးကို မြန်မာ ပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး (၁၄)ရက် မြောက်နေ့ဖြစ် ပါတယ်။

နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါ ပျံ့ပွါးနှုန်းဘယ်လောက် မြန်နိုင်မယ် ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ဒီ အချိန်မှာပြည်သူတွေအားလုံးအထူးသတိဝိရိယနဲ့ရောဂါမပျံ့ပွါးရေးအတွက်စည်းကမ်းညွှန်ကြားချက်တွေလိုက်နာဖို့အရေးကြီးပါတယ်။

ကျွန်မတို့တွေ မတွေ့ရမကြုံရဘူးတဲ့ သင်္ကြန်မျိုးကိုဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့သင်္ကြန်ပါ။

လူစုလူဝေးဆိုတာဘယ်နှစ်ယောက်လဲလို့စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေကောင်းလေ၊ အလှမ်းဝေးလေကောင်းလေပါ။

ထိတွေ့မှုရှိသူတစ်ဦးပိုလာတာနဲ့ အန္တရာယ်
တစ်ခုပိုလာပြီလို့ မှတ် ပါ။ သတိဆိုတာ လွန်ကဲ
တယ်လို့မရှိပါဘူး။
ရေထွက်မကစားရတဲ့သင်္ကြန်။ ခြိမ့်ခြိမ့်သဲ အလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန် ဆိုပြီးစိတ် မ ပျက်ကြပါနဲ့။

“အာရောဂျံ ပရမံလာဘံ” အနာကင်း ခြင်း
(ကျန်းမာ ခြင်း) သည် အကောင်းဆုံး လာဘ်
လာဘ ဖြစ်၏ ပါတဲ့။
ကိုယ့်အတွက် သာမက၊ အများအတွက် အကောင်းဆုံးလာဘ်လာဘကိုပေးကမ်းတဲ့ စေတနာအလှူကြီး ကျွန်မတို့ အား လုံး လုပ်နိုင် ပါတယ်။

ကိုယ့် ကို ကိုယ် ထိန်းခြင်းနဲ့ သမာဓိအား ပွါးနိုင်ပါတယ်။ ထူးကဲတဲ့သင်္ကြန်ကြီးမှာ ထူးကဲတဲ့
ကုသိုလ်တွေ ပြုနိုင် ပါတယ်။ အိမ်မှာငြိမ် ငြိမ်
လေးနေပြီးပြုနိုင်ပါတယ်။
ပြည်သူပြည်သားအားလုံး နှလုံး စိတ်ဝမ်း
အေး ချမ်း ကြပါစေ။

Credit Daw  Aung San Suu Kyi

Post a Comment

Previous Post Next Post