Unicode

လာမယ့် ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနှုန်း ဘယ်လောက်မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာမှာဖြစ်ပြီး ဒီအချိန်မှာ ပြည်သူတွေအားလုံး အထူးသတိဝီရိယနဲ့ ရောဂါမပြန့်ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့ညက သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားလိုက်တာ ဖြစ်ပြီး ဒီနေ့ဟာ ကိုဗစ်-၁၉ ရောဂါရှိနေသူတယောက်ကို မြန်မာပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး ၁၄ ရက် မြောက်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့်သင်္ကြန်ကို လူစုလူဝေးလုံးဝ မလုပ်ကြဖို့လည်း သူက သတိပေးပါတယ်။

“ကျမတို့တွေ မတွေ့ရ မကြုံရဘူးတဲ့ သင်္ကြန်မျိုးကို ဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမယ့် သင်္ကြန်ပါ။ လူစုလူဝေးဆိုတာ ဘယ်နှယောက်လဲလို့ စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေ ကောင်းလေ၊ အလှမ်းဝေးလေ ကောင်းလေပါ။”

ထိတွေ့မှုရှိသူတယောက် ပိုလာတာနဲ့ အန္တရာယ်တခု ပိုလာပြီလို့ မှတ်ကြဖို့လည်း သူကဆိုပြီး အပြင်မထွက်ရပေမယ့် ကျန်းမာရေးဆိုတဲ့ အကောင်းဆုံးလာဘ်လာဘကို ပေးတဲ့ စေတနာအလှူ လုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

“ရေထွက်မကစားရတဲ့ သင်္ကြန်။ ခြိမ့်ခြိမ့်သဲအလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန်ဆိုပြီး စိတ်မပျက်ကြပါနဲ့။ ကိုယ့်အတွက်သာမက၊ အများအတွက် အကောင်းဆုံး လာဘ်လာဘကို ပေးကမ်းတဲ့ စေတနာအလှူကြီး ကျမတို့ အားလုံး လုပ်နိုင်ပါတယ်။ ကိုယ့် ကိုယ်ကို ထိန်းခြင်းနဲ့ သမာဓိအား ပွားနိုင်ပါတယ်။ ထူးကဲတဲ့သင်္ကြန်ကြီးမှာ ထူးကဲတဲ့ကုသိုလ်တွေ ပြုနိုင်ပါတယ်။ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီးပြုနိုင်ပါတယ်” လို့ သူက ရေးသားတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦးရှိတဲ့အနက် ၁ ဦး သေဆုံးသွားကာ ကျန် ၁၈ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အတိုင်ပင်ခံရုံး

Zawgyi

လာမယ့္ ရက္သတၱပတ္ ၂ ပတ္၊ ၃ ပတ္အတြင္း ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ျပန႔္ပြားႏႈန္း ဘယ္ေလာက္ျမန္ႏိုင္မယ္ဆိုတာ ေပၚလြင္လာမွာျဖစ္ၿပီး ဒီအခ်ိန္မွာ ျပည္သူေတြအားလုံး အထူးသတိဝီရိယနဲ႔ ေရာဂါမျပန႔္ပြားေရးအတြက္ စည္းကမ္းၫႊန္ၾကားခ်က္ေတြ လိုက္နာဖို႔ အေရးႀကီးတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

မေန႔ညက သူ႔ရဲ႕တရားဝင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန ေရးသားလိုက္တာ ျဖစ္ၿပီး ဒီေန႔ဟာ ကိုဗစ္-၁၉ ေရာဂါရွိေနသူတေယာက္ကို ျမန္မာျပည္တြင္းမွာ ပထမဆုံးေတြ႕ရွိၿပီး ၁၄ ရက္ ေျမာက္ေန႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ လာမယ့္သၾကၤန္ကို လူစုလူေဝးလုံးဝ မလုပ္ၾကဖို႔လည္း သူက သတိေပးပါတယ္။

“က်မတို႔ေတြ မေတြ႕ရ မႀကဳံရဘူးတဲ့ သၾကၤန္မ်ိဳးကို ျဖတ္ေက်ာ္ရပါမယ္။ လူစုလူေဝး လုံးဝ ေရွာင္ရမယ့္ သၾကၤန္ပါ။ လူစုလူေဝးဆိုတာ ဘယ္ႏွေယာက္လဲလို႔ စဥ္းစားတာေတြရွိမွာပါ။ လူနည္းေလ ေကာင္းေလ၊ အလွမ္းေဝးေလ ေကာင္းေလပါ။”

ထိေတြ႕မႈရွိသူတေယာက္ ပိုလာတာနဲ႔ အႏၲရာယ္တခု ပိုလာၿပီလို႔ မွတ္ၾကဖို႔လည္း သူကဆိုၿပီး အျပင္မထြက္ရေပမယ့္ က်န္းမာေရးဆိုတဲ့ အေကာင္းဆုံးလာဘ္လာဘကို ေပးတဲ့ ေစတနာအလႉ လုပ္ႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။

“ေရထြက္မကစားရတဲ့ သၾကၤန္။ ၿခိမ့္ၿခိမ့္သဲအလႉေတြနဲ႔ ရပ္ကြက္ မေပ်ာ္ၾကရတဲ့သၾကၤန္ဆိုၿပီး စိတ္မပ်က္ၾကပါနဲ႔။ ကိုယ့္အတြက္သာမက၊ အမ်ားအတြက္ အေကာင္းဆုံး လာဘ္လာဘကို ေပးကမ္းတဲ့ ေစတနာအလႉႀကီး က်မတို႔ အားလုံး လုပ္ႏိုင္ပါတယ္။ ကိုယ့္ ကိုယ္ကို ထိန္းျခင္းနဲ႔ သမာဓိအား ပြားႏိုင္ပါတယ္။ ထူးကဲတဲ့သၾကၤန္ႀကီးမွာ ထူးကဲတဲ့ကုသိုလ္ေတြ ျပဳႏိုင္ပါတယ္။ အိမ္မွာ ၿငိမ္ၿငိမ္ေလးေနၿပီးျပဳႏိုင္ပါတယ္” လို႔ သူက ေရးသားတိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္အထိ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၂၁ ဦးရွိတဲ့အနက္ ၁ ဦး ေသဆုံးသြားကာ က်န္ ၁၈ ဦးရဲ႕ က်န္းမာေရးအေျခအေန တည္ၿငိမ္ေနၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ ၂ ဦးကေတာ့ အထူးၾကပ္မတ္ခန္းမွာ သီးျခားထားရွိ ေဆးကုသမႈ ေပးေနတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဓာတ္ပုံ – အတိုင္ပင္ခံ႐ုံး

Post a Comment

Previous Post Next Post