မိသားစုလိုက် ကူးစက်ခံထားရတဲ့ ပြည်ကလူနာ(၄)ဦးလုံးကို အနီးကပ်ပြုစုနေရတဲ့ ဆရာဝန်တစ်ဦး ရေးထားတဲ့ခံစားချက်
ဒီအိမ်သား ၄ ယောက် positive လို့ကြားကတည်းက ငါ့ဆီရောက်တော့မှာလားအတွေးထက် ကလေးလေး ၂ ယောက်ပါတယ်လို့ ကြားကတည်းက ဝမ်းနည်းမိတယ် …။

မိသားစုတစုလုံး အကူးခံရတယ်ဆိုတာ နည်းတဲ့ကံကြမ္မာမှမဟုတ်တာ ကလေးတွေအတွက် စိုးရိမ်တယ်။ တခါတည်း သူတို့မိဘတွေ ဘယ်လို ခံစားရမလဲ ဆိုတာ တွေးတောင်မကြည့်ရဲဘူး။ ကိုယ်ကိုယ်တိုင်လည်း မိဘဖြစ်နေတဲ့အတွက် အရမ်းကိုခံစားမိတယ်။ ပထမဆုံးစတွေ့တဲ့ညမှာပဲ ကလေးတွေကိုမြင်ရတာ ပျော်တောင်သွားတယ်။ ကြောက်တာကတပိုင်းပေါ့ positive လို့သာ တွေးပြီးကြောက်နေတာ သူတို့ကိုတွေ့တော့ နွေးထွေးတဲ့မိသားစုလေးနဲ့ ရိုးရိုးလူတွေပါပဲလို့ တမျိုးလေးတော့ဖြစ်သွားတယ် …။

အခုထိကြည့်ခဲ့တဲ့တောက်လျောက်မှာ လည်း သူတိူ့ကတောင် ကိုယ်တွေကိုပြန်အားနာနေတယ်ဘဝတလျောက်ကုခဲ့တဲ့လူနာတွေထဲမှာ သံယောစဉ်အတွယ်မိဆုံး လူနာတွေဖြစ်နေခဲ့တာပဲ ကလေး ၂ ယောက်ကလည်းလိမ္မာလိုက်တာ ဘာမှကို ဂျီမကျတာပါ ခရစ်ယာန်တွေကပဲ ပိုစိတ်ကောင်းတာလားလို့တောင် တွေးမိတယ် …။

လူကြီးတွေတောင် q 14 ရက်ကို compliant မျိုးစုံတက်နေပေမယ့် သူတို့တွေကအခုထိ ထူးထူးခြားခြား ဘာမှမတောင်းဆိုခဲ့ဘူး …။

သူတို့ဘယ်လောက်ကြောက်နေမလဲ အမေ အဖေတွေ ဘယ်လောက်တောင် ပူနေမလဲ icu ထဲကထွက်တဲ့ သူကထွက် ဝင်တဲ့သူကဝင်ရနဲ့ ကလေးတွေကတော့ ဘာမှမသိတဲ့ အဖြူထည်မျက်နှာလေးတွေနဲ့ အဖေအမေရဲ့သောကကို ကိုယ်တောင်ဝင်မခံစားနိုင်ဘူး။ အဖေက သူစိတ်ပူတာတခုပဲပြောတယ်။ ကလေးတွေက ကောင်းနေတော့ သူ့ဆီက ပြန်ကူးနိုင်လားတဲ့ သူဘာသာသီးခြားနေတယ် …။

စပြောင်းလာရ ကတည်းကလဲ အထုတ်ကြီး အထုတ်ငယ် ကလေးတွေအတွက်ကော ဘာမှမလိုအောင် ပြင်ဆင်ခဲ့ပြီးသား အဖေတယောက်အနေနဲ့ပါ …။

သူတို့မိသားစုကြီး ဒီလိုအခြေအနေမျိုးမှာ ခွဲနေရပါ့လားဆိုပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ် …။

ဒီရောဂါကြီးစကြားကတည်းက ကျန်းမာရေး ဝန်ထမ်းတဦးအနေနဲ့ ငါ့ကူးခဲ့ရင်ကော ဆိုပြီးမိသားစုအရေး စဉ်းစားဖူးတယ်။ မိဘအနေနဲ့ ကိုယ်ဖြစ်လို့ တခုခုတောင်မကြောက်ပါဘူး။ ဒီအချိန် ငါ့ကလေးတွေထားခဲ့လို့မဖြစ်သေးဘူးလို့ တွေးမိတယ် …။

လူနာ အဖေအမေ လည်းအဲလို ခံစားရမှာ မလွဲပါဘူး။ သူတို့ မိသားစုလေး အရင်လိုကျန်းကျန်းမာမာ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် …။

(အစကတည်းက စာကောင်းကောင်း မရေးတတ်တာမို့ စာရှည်သွားရင် သည်းခံကြပါ)

Credit – Lei Yee Maung

Post a Comment

Previous Post Next Post