တစ်နိုင်ငံလုံးရှိ  အကျဉ်းသားများကို အပူချိန်တိုင်း  တာစစ်ဆေးမှုအပါအဝင် ကျန်း မာရေးကိစ္စများ စစ်ဆေးနိုင်ရန်  စီစဉ်ဆောင်ရွက်နေကြောင်း အ ကျဉ်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးရဲရင့်နိုင်ကပြော သည်။

 ‘‘ထပ်ဆင့်အဖွဲ့တွေနဲ့ ထောင်ထဲမှာစစ်ပေးဖို့ ဆောင် ရွက်နေတယ်’’ဟု ဦးရဲရင့်နိုင်က  ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးဝန် ကြီးဌာနက တွဲဖက်ပေးထားသည့်  ဆရာဝန်များ၊ ကျန်းမာရေးမှူး များနှင့်လည်း အကျဉ်းသားများ၏  ကျန်းမာရေးကို စစ်ဆေးမှုပြုလုပ် ပေးနေကြောင်း ဦးရဲရင့်နိုင်ကရှင်း ပြသည်။

‘‘ပြင်ပက ကျန်းမာရေးဝန် ထမ်းတွေဝင်လာတော့ ပိုပြီးတော့ စိတ်ရှင်းတာပေါ့’’ဟု ၎င်းကပြော သည်။

အကျဉ်းသားများအား အပူ ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်နိုင်ရန်  သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ် ကျန်းမာရေးနှင့် အားကစားရေး ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်လည်း ဆွေးနွေးလျက်ရှိ ကြောင်း ဦးရဲရင်နိုင်ကဆိုသည်။

COVID-19 ကာကွယ်ရေး အချက်လက်များပါရှိပြီး အိတ် ကပ်ထဲ ထည့်ထားရမည့်ကတ်ပြား ကို ဝန်ထမ်းများအား ပေးထားပြီး ဖြစ်သော်လည်း အကျဉ်းသားများ ကို ထပ်မံဖြန့်ဝေပေးရန် ဆောင် ရွက်နေကြောင်း ဦးရဲရင့်နိုင်က ဆို သည်။ ထို့အပြင် အကျဉ်းသားများ အနေဖြင့် နေ့စဉ်ဆေးခန်းပြခြင်း တို့ကို သီးခြားပိတ်ပင်ထားခြင်းမျိုး မရှိဘဲ သက်ဆိုင်ရာအဆောင်မှူး ၏ ခွင့်ပြုချက်ဖြင့် လိုက်ပါပြသခွင့် ပြုကြောင်း ၎င်းကပြောသည်။

တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်များ၌ လက်ဆေးစင် ၁,၆၀၀ ကျော်၊ အပူချိန်တိုင်း ကိ ရိယာ ၂၀၀ ကျော်ရှိပြီး အကျဉ်း သားများကို ပညာပေးခြင်း၊ ပိုး သတ်ဆေးဖျန်းခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်း ကဆက်ပြောသည်။

အကျဉ်းသားများကို နေ့စဉ်  ပဲကုလားဟင်း၊ တစ်ပတ်လျှင် အ သားလေးကြိမ်ဖြင့် အာဟာရပြည့် မီအောင် ကျွေးမွေးလျက်ရှိသည် ဟု၎င်းကဆိုသည်။ လက်ရှိတွင် COVID-19 ကြောင့် မိသားစုဝင် များ အကျဉ်းသားများနှင့် ထောင် ဝင်စာ တွေ့ဆုံရာတွင် အခက်အ ခဲအချို့နှင့် စောင့်ဆိုင်းရမှုများရှိ သော်လည်း တွေ့ဆုံခွင့်ကို လုံး၀ ပိတ်ပင်သွားမည်မဟုတ်ကြောင်း  ဦးရဲရင့်နိုင်က ပြောဆိုထားသည်။ တစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၄၀ ကျော်နှင့် အကျဉ်းသားဦးရေ  ရှစ်သောင်းခန့်ရှိသည်။

Credit 7day

Post a Comment

Previous Post Next Post