တရုတ်နိုင်ငံကရောက်လာတဲ့ ဆေးပညာအဖွဲ့က ရန်ကုန်မြို့ကလူတွေက သိပ်မကြောက်ကြသေးဘူးလို့ မြင်ကြောင်းနဲ့ ရန်ကုန်ကို စိတ်ပူကြောင်း ပြောခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးက ရေးသားထားပါတယ်။ တရုတ်ကဆေးပညာ ရှင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဲ့ဒီလို ပြောကြားခဲ့တာလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရီရီမြင့်က သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာပါ။
တရုတ်မှာ စောင့်ကြည့်လူနာတိုင်းကို ဓာတ်ခွဲနမုနာယူ စစ်ဆေးပေးပြီး စောင့်ကြည့်ကာလပြည့်လည်း ပိုးမတွေ့ရှိမှသာ ဆေးရုံက ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်အားလုံးကိုတော့ လူနာတွေကိုပဲ ကျခံခိုင်းပြီး ဆင်းရဲသူတွေအတွက်ပဲ အစိုးရက ကုန်ကျခံတယ်လို့ ဆွေးနွေးမှုကနေ သိရတဲ့အကြောင်း မျှဝေထားပါတယ်။
အခုချိန်မှာ မြန်မာပြည်သူတွေက သိပ်မကြောက်ကြသေးလို့ ဒီထပ်ပညာပိုပေးဖို့လိုပြီး ရပ်ကွက်ထဲပြန်လာသူတွေကို စောင့်ကြည့်ဖို့ အဖွဲ့တွေဖွဲ့ဖို့ လိုကြောင်း၊ လူတွေစိတ်ထဲစွဲနေအောင် လမ်းထောင့်တိုင်းမှာ ဗီနိုင်း တွေချိတ်ဆွဲတာ တွေ အော်လံနဲ့ကြေညာတာတွေ လုပ်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးဆိုင်မှာ ပါရာစီတမောလာဝယ်သူဟာ မဖျားခင် ၂ ရက်ကတည်းက သူ့ဆီကနေ တခြားလူကို ကူးသွားနိုင်ပြီလို့လည်း ပြောကြားခဲ့တာပါ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်တွေနဲ့ အထောက်အကူပြုပစ္စည်းတွေဟာ ဧပြီလ ၈ ရက်ကတည်းက ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ကူညီပေးနေခဲ့တာဖြစ်ပါတယ်။

#7Days

Post a Comment

Previous Post Next Post