အဆိုတော် နောနော်ဟာ ခရစ်ယာန်တရား‌ဟော ဆရာနဲ့ အနီးကပ်ရှိနေခဲ့တာကြောင့် Quarantine ဝင်နေရပြီ ဆိုတဲ့ သတင်းအမှားတွေအပေါ် ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ နောနော်က လက်ရှိမှာ မန္တလေးမှာ နေထိုင်နေပြီး တရားတို့နဲ့အတူ ပွဲမတက်ဖြစ်တာ တော်တော်ကြာနေပြီလို့ ဆိုပါတယ်။

“အကိုမန္တလေးရောက်နေတာ သုံးလလောက်ရှိပြီ။ ကျွန်တော်ပါသွားပြီလို့ ထင်နေကြတာတွေလည်းရှိတယ်။ ကျွန်တော်ပွဲတွေလည်းမတက်ဖြစ်ပါဘူးအခုမန္တလေးကိုရောက်နေတာ ကြာပြီ။ ကျွန်တော် ဇန်နဝါရီလောက် ကတည်း ခရီးတောက်လျှောက်ထွက်နေတာနဲ့လေ ပွဲမှာလည်း မပါဝင်ဖြစ်ခဲ့ပါဘူး” လို့ နောနော်က Duwun ကိုပြောပါတယ်။
အဆိုတော် နောနော်ဟာ ခရစ်ယာန်တရားဟောဆရာ စော‌ဒေးဗစ်လားရဲ့ ပွဲတော်တော်များများ မှာ အတူပါဝင်ဖြစ်သူ ဖြစ်တာပါတယ်။ လက်ရှိမှာ ဂီတညီအစ်ကိုတွေဖြစ်တဲ့အဆိုတော် မျိုးကြီး၊ဂျေမီနဲ့ နီတာတို့ အတွက် ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးနေတယ်လို့ သူက ဆိုပါတယ်။


သတင်းအမှားကြောင့် သူ့ကို စိုးရိမ်နေတဲ့ ပရိသတ်တွေအားကိုလည်း စိတ်မပူကြဖို့နဲ့ ပရိသတ်တွေ ကျန်းမာရေး ဂရုစိုက်ကြဖို့အတွက်ကို ထည့်သွင်းပြောပြခဲ့ပါသေးတယ်။

“ ကျွန်တော်ပါသွားပြီဆိုတဲ့ သတင်းတွေတွေ့တယ်။ စိတ်ပူပေးနေကြတဲ့ ပရိသတ်တွေလည်း စိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ အားလုံး ကျန်းမာရေးဂရုစိုက်ကြပါအိမ်ထဲမှာဘဲ နေကြပါ” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၆၃ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၅၀ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)၊ မကွေးက တစ်ဦးစီ ဖြစ်ပါတယ်။

Zawgyi

အဆိုေတာ္ ေနာေနာ္ဟာ ခရစ္ယာန္တရား‌ေဟာ ဆရာနဲ႔ အနီးကပ္ရွိေနခဲ့တာေၾကာင့္ Quarantine ဝင္ေနရၿပီ ဆိုတဲ့ သတင္းအမွားေတြအေပၚ ျပန္လည္ေျဖရွင္းလိုက္တာ ျဖစ္ပါတယ္။ ေနာေနာ္က လက္ရွိမွာ မႏၲေလးမွာ ေနထိုင္ေနၿပီး တရားတို႔နဲ႔အတူ ပြဲမတက္ျဖစ္တာ ေတာ္ေတာ္ၾကာေနၿပီလို႔ ဆိုပါတယ္။

“အကိုမႏၲေလးေရာက္ေနတာ သုံးလေလာက္ရွိၿပီ။ ကြၽန္ေတာ္ပါသြားၿပီလို႔ ထင္ေနၾကတာေတြလည္းရွိတယ္။ ကြၽန္ေတာ္ပြဲေတြလည္းမတက္ျဖစ္ပါဘူးအခုမႏၲေလးကိုေရာက္ေနတာ ၾကာၿပီ။ ကြၽန္ေတာ္ ဇန္နဝါရီေလာက္ ကတည္း ခရီးေတာက္ေလွ်ာက္ထြက္ေနတာနဲ႔ေလ ပြဲမွာလည္း မပါဝင္ျဖစ္ခဲ့ပါဘူး” လို႔ ေနာေနာ္က Duwun ကိုေျပာပါတယ္။

အဆိုေတာ္ ေနာေနာ္ဟာ ခရစ္ယာန္တရားေဟာဆရာ ေစာ‌ေဒးဗစ္လားရဲ႕ ပြဲေတာ္ေတာ္မ်ားမ်ား မွာ အတူပါဝင္ျဖစ္သူ ျဖစ္တာပါတယ္။ လက္ရွိမွာ ဂီတညီအစ္ကိုေတြျဖစ္တဲ့အဆိုေတာ္ မ်ိဳးႀကီး၊ေဂ်မီနဲ႔ နီတာတို႔ အတြက္ က်န္းမာေရးအျမန္ဆုံးျပန္လည္ေကာင္းမြန္လာဖို႔ ဆုေတာင္းေပးေနတယ္လို႔ သူက ဆိုပါတယ္။

သတင္းအမွားေၾကာင့္ သူ႔ကို စိုးရိမ္ေနတဲ့ ပရိသတ္ေတြအားကိုလည္း စိတ္မပူၾကဖို႔နဲ႔ ပရိသတ္ေတြ က်န္းမာေရး ဂ႐ုစိုက္ၾကဖို႔အတြက္ကို ထည့္သြင္းေျပာျပခဲ့ပါေသးတယ္။

“ ကြၽန္ေတာ္ပါသြားၿပီဆိုတဲ့ သတင္းေတြေတြ႕တယ္။ စိတ္ပူေပးေနၾကတဲ့ ပရိသတ္ေတြလည္း စိတ္မပူၾကပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ အားလုံး က်န္းမာေရးဂ႐ုစိုက္ၾကပါအိမ္ထဲမွာဘဲ ေနၾကပါ” လို႔ သူက ဆက္လက္ေျပာျပခဲ့ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕လူနာ ၆၃ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္ၿပီး ရန္ကုန္က ၅၀ ဦး၊ ပဲခူး(ေပါက္ေခါင္း)က ၄ဦး၊ခ်င္းျပည္နယ္က ၃ဦး၊ရွမ္းျပည္နယ္က ၂ဦး၊ေနျပည္‌ေတာ္၊မႏၲေလးနဲ႔မြန္(က်ိဳက္မ ေရာ)၊ မေကြးက တစ္ဦးစီ ျဖစ္ပါတယ္။

Credit – Duwun

Post a Comment

Previous Post Next Post