ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ တလန်လိုကျေးရွာ၌ လူစုလူဝေးဖြင့် ဘုရားဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကျင်းပသည့်တရားဟော ဆရာတစ်ဦးကို တရားစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ထံတင်ပြထားကြောင်း ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ စုံစမ်းသိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး လူစုလူဝေးဖြင့် အခမ်းအနားများကျင်းပခြင်းမပြုရန် ချင်းပြည်နယ် အတွင်း ကြေညာထားသော်လည်း ယမန်နေ့ နံနက် ၉ နာရီ ကျော်က တလန်လိုနှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ ပါစ္စတာ ဦးငွန်ဟာအိုဦးဆောင်သည့် အသင်းသူ အသင်းသား ၃၇ ဦးသည် ဘုရားဝတ်ပြုဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့ခြင်းကြောင့် ဦးဆောင်သည့် တရားဟော ဆရာကိုတရားစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က တားတယ်။ တားတာကို လုပ်တော့ အထက်ကို တင်ပြထားတယ်။ အကြောင်းပြန်လာတာတော့ မရှိသေးဘူး” ဟု ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဆွေမြင့်က ပြောသည်။

အဆိုပါ သင်းအုပ် ဆရာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၃၀(က) ဖြင့် အရေးယူ ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ ဧပြီလ ၁၂ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် အတွင်း COVID-19 ရောဂါ ရှိသည့် လူနာ ၃ ဦး ရှိပြီး ၎င်းတို့ကို တီးတိန်မြို့ရှိပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။ ၎င်းသုံးဦးသည် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ သားအမိ နှစ်ဦးနှင့် ညအိပ်တည်းခိုခဲ့သည့် တီးတိန်မြို့ရှိ နေအိမ်မှ အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။

Zawgyi

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ့နယ္ ၊ တလန္လိုေက်းရြာ၌ လူစုလူေဝးျဖင့္ ဘုရားဝတ္ျပဳဆုေတာင္းျခင္း အခမ္းအနားက်င္းပသည့္တရားေဟာ ဆရာတစ္ဦးကို တရားစြဲဆိုနိုင္ေရး ျပည္နယ္အစိုးရ အဖြဲ႕ထံတင္ျပထားေၾကာင္း ခ်င္းျပည္နယ္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီထံမွ စုံစမ္းသိရသည္။

ကမၻာ့ကပ္ေရာဂါ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္နိုင္‌ေရးႏွင့္ ကူးစက္ပ်ံ႕ႏွံ႔မွု မရွိေစေရး လူစုလူေဝးျဖင့္ အခမ္းအနားမ်ားက်င္းပျခင္းမျပဳရန္ ခ်င္းျပည္နယ္ အတြင္း ေၾကညာထားေသာ္လည္း ယမန္ေန႔ နံနက္ ၉ နာရီ ေက်ာ္က တလန္လိုႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ သင္းအုပ္ဆရာ ပါစၥတာ ဦးငြန္ဟာအိုဦးေဆာင္သည့္ အသင္းသူ အသင္းသား ၃၇ ဦးသည္ ဘုရားဝတ္ျပဳဆုေတာင္းျခင္းအခမ္းအနား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဦးေဆာင္သည့္ တရားေဟာ ဆရာကိုတရားစြဲဆိုနိုင္ေရး ျပည္နယ္အစိုးရ အဖြဲ႕ထံ တင္ျပခဲ့ျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔က တားတယ္။ တားတာကို လုပ္ေတာ့ အထက္ကို တင္ျပထားတယ္။ အေၾကာင္းျပန္လာတာေတာ့ မရွိေသးဘူး” ဟု ထန္တလန္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးေအာင္ေဆြျမင့္က ေျပာသည္။

အဆိုပါ သင္းအုပ္ ဆရာကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမွု ဥပေဒပုဒ္မ -၃၀(က) ျဖင့္ အေရးယူ ေဆာင္ရြက္ရန္အတြက္ ျပည္နယ္အစိုးရအဖြဲ႕ထံ ဧၿပီလ ၁၂ ရက္ေန႔က တင္ျပခဲ့ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္ အတြင္း COVID-19 ေရာဂါ ရွိသည့္ လူနာ ၃ ဦး ရွိၿပီး ၎တို့ကို တီးတိန္ၿမိဳ့ရွိျပည္သူ႔ေဆး႐ုံတြင္ က်န္းမာေရးေစာင့္ေရွာက္မွု ေပးလ်က္ရွိသည္။ ၎သုံးဦးသည္ အေမရိကန္နိုင္ငံတြင္ အျမဲတမ္းေနထိုင္ခြင့္ ရရွိထားသူ သားအမိ ႏွစ္ဦးႏွင့္ ညအိပ္တည္းခိုခဲ့သည့္ တီးတိန္ၿမိဳ့ရွိ ေနအိမ္မွ အမ်ိဳးသမီးတစ္ဦးတို့ ျဖစ္သည္။

ၿငိမ္းသူမင္း (PM)

Post a Comment

Previous Post Next Post