COVID-19 ရောဂါစတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့တော်တွင် ယခင်လများ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃,၈၆၉ ဦး သေဆုံးကြောင်း အများသိရှိပြီးဖြစ်သည်။ ယခုအခါတွင် တစ်ရက်အတွင်း အသက်ဆုံးရှုံးသူ ၁,၂၉၀ အထိ မြင့်တက်လာခြင်းဖြင့် ယခင်အရေအတွက်၏ ၅၀% ခန့်တိုးခဲ့သည်။ ယခုကဲ့သို့ဖြစ်ရသည်မှာ ယခင်က ရောဂါကူးစက်မှုစစ်ဆေးရန် ပျက်ကွက်မှုများ၊ ရှာဖွေကုသရန် နှောင်းနှေးမှု အမှားများကြောင့် သိသိသာသာတိုးလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝူဟန်တစ်မြို့တည်းပင် တရုတ်တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူစုစုပေါင်း၏ ၃-ပုံ ၂-ပုံ ဖြစ်ပွားခဲ့သည်။ လူဦးရေ ၁၁ သန်းကျော်နေထိုင်ရာ ဝူဟန်မြို့တော်ကို ရာဂါပိုး ကူးစက်ပျံ့နှံ့ခြင်းမှ တားဆီးရန်အတွက် ၂-လကျော် ကာလအထိ lockdown တားဆီးပိတ်ဆို့ထားခဲ့ရသည်။ ယခုလ စောစောပိုင်းရောက်မှ မြို့တော်ကို Lockdown ချ ထားခြင်းမှဖယ်ရှားခဲ့သည်။

သို့သော် ကမ္ဘာပေါ်တွင်မူ ရောဂါပိုးကူးစက်ခံရမှုပေါင်း ၂-သန်းကျော် တွေ့ရှိထားပြီး နိုင်ငံများစွာတို့၌ တားဆီးပိတ်ဆို့ထားရဆဲဖြစ်သည်။ Johns Hopkins တက္ကသိုလ်၏ အချက်အလက် ကောက်ယူမှတ်သားချက်များအရ လူပေါင်း ၁၃၇,၀၀၀ ကျော်သေဆုံးခဲ့သည်။

ဝူဟန် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာနချုပ်မှ အမည်မဖော်လိုသူအရာရှိတစ်ဦး၏ အဆိုကို Xinhua သတင်းအေဂျင်စီကိုးကားရာတွင် ရောဂါကူးစက်မှုစတင်ဖြစ်ပွားစဉ် စောစောပိုင်းအဆင့်များ၌ တရားဝင်ကုသခွင့်နှင့် ကုသရေးစွမ်းရည်မလုံလောက်မှုကြောင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအချို့ အနေဖြင့် ရောဂါကာကွယ်တားဆီးရေး အချိတ်အဆက်ပျက်ပြားခြင်း၊ အချိန်မီကုသရန် မစွမ်းဆောင်နိုင်ပဲရှိခဲ့သည်။ ဆေးရုံများတွင် လူနာများ အလွန်အကျွံပြည့်နှက်ပြီး ဆေးဝါးအကူအညီပေးမှုထက် လူနာအရေအတွက်က အဆပေါင်းများစွာ ပိုမိုသွားခဲ့သည်။ ရလာဒ်အနေဖြင့် အစီရင်ခံတင်ပြရာတွင် လွဲမှားခြင်း၊ လစ်ဟာခြင်းနှင့် မှားယွင်းခြင်းများဖြစ်ခဲ့သည်ဟု အဆိုပါအရာရှိက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်း ဝူဟန်တွင်ဖြစ်ပွားသည့် ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက သတင်းပို့နှောင့်နှေးခြင်းနှင့် ဖြစ်စဉ်အရေအတွက် နည်းပါးခြင်းတို့ကြောင့် အမေရိကန်နှင့်အခြားနိုင်ငံများ၏ ဗိုင်းရပ်စ်ထိန်းချုပ်ရာ၌ ပိုမိုဆိုးရွားစေသည်ဟူသော အယူအဆကို တရုတ်ကပြင်းပြင်းထန်ထန် ငြင်းဆိုသည်။

ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ၌ပင် ကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ထုတ်သည့်အချိန်ထိ ၁၉၇၀ ပြည့်နှစ် ပထမ ၃-လပတ်ကာလများနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုကို ခံစားခဲ့ရသည်။

စားသုံးမှုလျော့ကျခြင်းနှင့် စက်ရုံလည်ပတ်မှုများ တုန့်ဆိုင်းသွားခြင်းများမှာ နိုင်ငံအား မူလပုံမှန်အတိုင်း ပြန်လည်ထူထောင်ရန် မျှော်လင့်ထားသည့်ထက် ပိုမိုကြာရှည်ပြီး ခက်ခဲကြောင်း တွေ့ရှိနေရသည်။
ရောဂါကူးစက်မှုတားဆီးရန်အတွက် စက်ရုံများ၊ ဈေးဆိုင်များနှင့် ခရီးသွားလာခြင်းများကို ပိတ်ပစ်ခဲ့ရပြီး တရားဝင်အချက်အလတ်များအရ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားစုတည်ရာ တရုတ်သည် လွန်ခဲ့သည့်နှစ်ထက် ၃-လတာကာလအတွင်း ၆.၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ မတ်လစောစောပိုင်းတွင် နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားသော ကွန်မြူနစ်ပါတီက ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခြင်း အောင်မြင်ကြောင်း ကြေညာခဲ့ပြီး စက်ရုံများနှင့် ရုံးများကိုပြန်လည်ဖွင့်လှစ်ခဲ့သည်။

မရှိမဖြစ် လိုအပ်သောအရာများ မဟုတ်သော်လည်း သန်းချီသောလူများကို ထမင်းကျွေးသည့် ရုပ်ရှင်ရုံများ၊ ဆံပင်အလှပြင်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများ ပိတ်ထားရဆဲဖြစ်သည်။ ခရီးသွားလုပ်ငန်းမှာမူ ပြန်လည် နာလန်ထူရန် အတော်ပင် အခက်ခဲတွေ့နေဦးမည်ဖြစ်သည်။

Mal Nyeinn
Htay Oung (Oung Marine)

Post a Comment

Previous Post Next Post