မိန်းကလေးတိုင်းမှာ အပျိုဖော်မဝင်ခင် သစ်ရွက်လှုပ်ရင် ရယ်တတ်တဲ့ အရွယ်ကတည်းက သူတို့မှာ အိပ်မက်စိတ်ကူး မင်းသားလေးတွေ ကိုယ်စီရှိကြပါတယ်နော်။

ကိုယ့်ချစ်သူလေးက ဘယ်လိုလေး ဖြစ်ချင်မလဲ။ အရပ်ရှည်ရှည် အသားဖြူဖြူ ခပ်သန့်သန့်လေးဆိုပြီး တွေးတွေးပြီး ကြည်နူးရတဲ့ အပျိုဖော်ဝင်စ အရွယ်လေးဟာလည်း မက်မောစရာလေးပါပဲ။
အခု ပြောပြပေးမယ့် မိန်းကလေးရဲ့ စိတ်ကူးအပ်မက်ကလေးကတော့ တစ်မျိုးထူးဆန်းပါတယ်။ သူများတွေလို ရွယ်တူကို နှစ်သက်စွဲလမ်းတာမဟုတ်ပဲနဲ့ သူ့ကို သင်ပေးတဲ့ ဆရာကိုမှ တမ်းတ စွဲလမ်းမိတာတဲ့လေ။
 
သူမ ဟာ ၁၃ နှစ် အရွယ်ကတည်းက ဆရာ့အပေါ်ကို ကြိတ် Crush နေတာပေါ့။ သူမရဲ့ နာမည်လေးက Vinda Virginia ပဲ ဖြစ်ပါတယ်။ သူမရဲ့ဆရာ အသက်ကတော့ ၂၇ နှစ်ဆိုတော့ သူမထက် ၁၄ နှစ်တောင် ကြီးပါတယ်။
ဒါပေမယ့်လည်း စွဲလမ်းတတ်တဲ့ မိန်းကလေးဟာ ဆရာ့ကိုပဲ စွဲလမ်းတာကြောင့် မိန်းကလေးဖြစ်ပေမယ့် သူမကပဲချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ်။
အခုတော့ သူ့မရဲ့ အသက်ပြည့်သွားပြီ ဖြစ်တာကြောင့် သူမ ထက် ၁၄ နှစ်ကြီးတဲ့ သူမရဲ့ ဆရာနဲ့ ရွှေလက်တွဲနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒါဟာ ဝမ်းသာစရာပါနော်။
ကမ္ဘာပေါ်မှာ ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ရတာထက် ပျော်စရာဆိုတာ ရှိနိုင်ပါ့ဦးမလားနော်။

Writer – SMT

Post a Comment

Previous Post Next Post