ကရင်ပြည်နယ်အတွင်းက စောင့်ကြပ်ကြည့်ရှုရေးစခန်း ၇ ခုက ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေထဲက ၃၂၃ ဦးဟာ စောင့်ကြည့်ကာလပြည့်မြောက်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို ပြန်လည်ထွက်ခွာသွားကြပြီလို့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က ပြောပါတယ်။ပြည်နယ်အစိုးရက နေရပ်တွေကို ပြန်လည်ထွက်ခွာမယ့်သူတွေကို အပြန်ခရီး အဆင်‌ပြေစေဖို့ မော်တော်ယဉ်တွေပါ အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
တိုင်းနဲ့ပြည်နယ်အစိုးရတွေကို ချိတ်ဆက်ပြီး ရက်ပြည့်တဲ့သူတွေကို လမ်းကြောင်းအလိုက် အဖွဲ့တွေစုပြီး ပြန်လည်စေလွှတ်ပေးနေတယ်လို့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က ပြောပါတယ်။တောင်ငူမြို့၊ ကမ်းရိုးကျေးရွာ၊ ကိုဝေယံစိုး(စောင့်ကြည့်ခံရသူ) က “၂၁ ရက်တည်း ဘာမှမဖြစ်ပါဘူး။ အိမ်ရောက်ရင်လည်း တပတ်နေရဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တကမ္ဘာလုံးအတွက်ကတော့ နေပေးရမယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်းပဲ”လို့ ပြောပါတယ်။
၂၁ ရက်ပြည့်မြောက်ပြီး ပြန်လည်ထွက်ခွာသူတွေအနေနဲ့ မိမိတို့ဒေသတွေကို ပြန်လည်ရောက်ရှိရင် စောင့်ကြပ်ကြည့်ရှုစခန်းက ကျန်းမာရေးထောက်ခံချက်ကို ပြသပြီး ၁ ပတ်တိတိ သီးခြားနေထိုင်ပြီး ဆက်လက် စောင့်ကြပ်ကြည့်ရှုခံကြရမှာပါ။ဘားအံ၊ မြဝတီ၊ ကော့ကရိတစောင့်ကြပ်ကြည့်ရှုရေးစခန်း ၇ ခုက သတ်မှတ်ရက်ပြည့်ပြီး ပြန်လည်ထွက်ခွာသူ ၃၂၃ ဦးကို မော်တော်ယာဉ် ၇ စီးနဲ့ ပြန်လည်ပို့ဆောင်ပေးတာပါ။

ထိုငျးနယျစပျမှ ပွနျလာသူမြားအား ...
ကရင်ပြည်နယ်အတွင်း ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်‌ရောက်လာသူ ၃၂၅၈ ဦးကို စောင့်ကြပ်ကြည့်ရှုစခန်းတွေမှာ စောင့်ကြည့်မှုတွေ ပြုလုပ်ပေးထားသလို့ ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဆောင်ရွက်ပေးထားပါတယ်။

ဒီဗွီဘီ

Post a Comment

Previous Post Next Post