ကိုရိုနာဗိုင်းရပ်ကို ကိုယ်ခံအားကောင်းရင် ရပြီဆိုပြီး ပေါ့ဆနေသူများ သတိပြုရန်…

ဒီ ၇ လ အရွယ် သမီးလေးဟာ မိဘနဲ့ ခွဲနေရတာ ၃ ပတ်ရှိပါပြီ။ အဖေက Thai Chanel 3 က မင်းသားနဲ့ Presenter ဖြစ်ပြီး အမေက အဆိုတော် မင်းသမီးပါ။ ၄ နှစ်အရွယ် အကို လဲ ရှိပါတယ်။

မိဘတွေက ကျန်းမာရေး အရမ်းလိုက်စားပြီး ကိုယ်ပိုင် Fitness နဲ့ Boxing studio တောင်ရှိပါတယ်။ Fit အရမ်းဖြစ်ပြီး နေ့တိုင်း Work Out လုပ်တဲ့ စုံတွဲ။ အဖေက Covid-19 ကူးစက်ခံရပြီး အမေဖြစ်သူကို ကူးတာပါ။

ဆေးရုံစတက်ရတော့ ဆရာဝန်တွေက ဆေးနဲ့ မကုဘဲ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်စေမယ်လို့ ဆုံးဖြတ်ကြတယ်။ နှစ်ယောက် စလုံးက အဖျားငွေ့ငွေ့ဘဲ
ရှိပြီး ဘာလက္ခဏာမှ မပြဘူးတဲ့။ အားလုံး OK တဲ့။

၂ ရက်နေတော့ အဖျားပျောက်သွားတယ်။ ၅ ရက်မြောက်မှာ ဝမ်းသွားပြီး အဖျားပြန်ဝင်လာတယ်။ ကျန်တာ ဘာမှ မဖြစ်ဘူး။ CT Scan ရိုက်ကြည့်တော့ အဆုတ်တွေစတင်ပျက်စီးနေပြီတဲ့။

ဆရာဝန်တွေလဲ ဆေးနဲ့ကုမှ ရတော့မယ်ဆိုပြီး Covid-19 အတွက်ဆေးမရှိတော့ ထုံးစံအတိုင်း HIV ဆေးတွေ ငှက်ဖျားဆေးတွေနဲ့ ကုပါတယ်။

မနေ့က အထိ ရောဂါပိုးက ကိုယ်ထဲက ထွက်မသွားသေးဘူး။ စစ်တော့ Positive ဘဲဖြစ်နေသေးတယ်။ ဘန်ကောက်က အကောင်းဆုံး ပုဂ္ဂလိက ဆေးရုံမှာ ကုနေတာပါ။ ၃ ပတ်ရှိပါပြီ။

အဲ့ဒါကြောင့် ကိုယ်ခံအားကောင်းရင် ရပြီဆိုပြီး မပေါ့ပါနဲ့တဲ့။ ပိုးထွက်သွားဖို့ ကြာချိန်ရှည်လျားတဲ့ အတွက် မဖြစ်အောင်နေကြပါလို့ သူတို့ Video ရိုက်ပြီး သတိပေးလိုက်တာကို ဘာသာပြန်ပေးတာပါ။

ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၁၈၇၅ ဦးရှိနေပြီး သေဆုံးသူ ၁၅ ဦးရှိနေပါတယ်။

Sis Nang Thein

Post a Comment

Previous Post Next Post