ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူ သာသနာပြုအဖွဲ့၊ မလွန်ဆန်လှူအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း

အခက်ခဲများကျော်လွှားနိုင်ကြစေရန်အလို့ငှါ အလှူခံပုဂ္ဂိုလ် ၁၆,၂၅၀ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ဆန်တစ်တင်း၊ ဆီ-၁ပိသာ၊ ကြက်သွန်နီ-၁ပိသာ၊ ပဲ-၁ပိသာ၊ ပြုတ်စား(ပဲ)-၂ ပိသာ၊ ဆား-၅၀သားတို့ကို ကရုဏာအထောက်အပံ့အဖြစ် လှူဒါန်းပါမည်။

၁။ ၁၇-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၁ရက်နေ့) တွင် စစ်ကိုင်း၊ မင်းကွန်း မှ သီလရှင် ၆,၀၀၀ ပါးတို့အတွက် လှူဒါန်းပေးပါမည်။

၂။ ၁၈-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၂ရက်နေ့) တွင် စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါးတို့အတွက် လှူဒါန်းပေးပါမည်။
၃။ ၁၉-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၃ရက်နေ့) တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွား ရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊

မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦးတို့အတွက် ပေးပို့လှူဒါန်းပါမည်။

အထက်ပါ ကရုဏာအလှူတော်အတွက် သီတဂူသာသနာပြုအဖွဲ့က ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာတို့ကိုလှူဒါန်းပေးပြီး မလွန်ဆန်လှူအသင်းကြီးက ပြုတ်စား (ပဲ) အချိန် – ၃၂,၅၀၀ ပိသာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်သွန်နီအချိန်-၁၆,၂၅၀ ပိသာ၊ ပဲအချိန်-၁၆,၂၅၀ ပိသာ၊

ဆားအချိန်-၈၁၂၅ ပိသာ တို့ကို ထောက်ပံ့လှူဒါန်းပေးကြပါသည်။အသေးစိပ်အချက်အလက်သိရှိလိုပါက “သီတဂူ ဝန်ဆောင်သံဃာတော်များအဖွဲ့ ဥက္ကဌဆရာတော်အရှင်ကောဝိဒ” ဖုန်း – 095120322 သို့ ဆက်သွယ် မေးမြန်းနိုင်သလို သဒ္ဓါတရားအားဖြင့် ကရုဏာအလှူ ပါဝင်လိုပါက နွေးထွေးစွာ ကြိုဆိုပါသည်
သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် အချိန်မှစတင်၍ အခက် အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို ကြိုတင်မှန်းမျှော်ကာ အောက်ပါ (၁၅) နေရာများသို့လည်း ဆန် – ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။

၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ – ၁၀၀ အိတ်။

၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။

၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ – ၁၀၀အိတ်။

၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ – ၁၀၀ အိတ်။

၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။

၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ – ၁၀၀၀ အိတ်။

၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ – ၁၀၀၀ အိတ်။

၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။

၉။ အင်းစိန်-ခဝဲခြံ မျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။

၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။

၁၁။ မြင်သာမြို့ဦး ပရဟိတ အထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ – ၄၅၀ အိတ်။



၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း – ၁၀၀၀ အိတ်။

၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့ မှတဆင့် လှူဒါန်းခြင်း – ၁၀၀၀ အိတ် (သီတဂူဆရာတော်ကိုယ်တိုင်ကြွရောက်လှူဒါန်းခြင်း)။

မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ် များဖြစ်သည်။

Credit:မန္တလေးသတင်းကွန်ရက်

Post a Comment

Previous Post Next Post