ခရစ်ယာန်ဘာသာရေးဆုတောင်းပွဲတစ်ခုတွင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်ထိတွေ့မိခဲ့သူ လူ ၁၃ ဦးကို အင်းစိန်ဆေးရုံတွင်စောင့်ကြည့်နေကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မဇ္ဈိမသို့အတည်ပြုပြောသည်။


“ဆရာစောဒေးဗစ်တို့နဲ့ ဆုတောင်းပွဲလုပ်ရင်းနဲ့ ဖြစ်တဲ့သူတွေလို့ အကြမ်းဖျင်းနားလည်ထားတာလေ။ လေး ယောက်ကတော့ အတည်ပြုလူနာဖြစ်သွားပြီ။ ကျန်တဲ့ ၁၃ ယောက်ကတော့ အင်းစိန်ဆေးရုံမှာ သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေပေါ့နော်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေတာဒါပါပဲ” ဟု ၎င်းကဆိုသည်။ ဆုတောင်းပွဲကို မတ်လနှောင်းပိုင်းက ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။


ယနေ့နံနက် ၂ နာရီကျော်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဓာတ်ခွဲအတည်ပြုလူနာ (Case-034) ၊ (Case-035) ၊ (Case-036) နှင့် (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်း ပါရှိသည်။


သူတို့၏ နေအိမ်များကိုလည်း ဧပြီ ၁၂ ရက်နံနက်ပိုင်းတွင် အဝင်/ အထွက်ပိတ်ပင်ထားပြီး ထိတွေ့မိခဲ့သူများ၏ နေအိမ်များကိုလည်း စောင့်ကြည့်ပြင်ဆင်နေကြောင်းသိရသည်။ ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၃၈ ဦးအထိရှိနေပြီး သေဆုံးသူ ၃ ဦးရှိနေသည်။

Zawgyi

ခရစ္ယာန္ဘာသာေရးဆုေတာင္းပြဲတစ္ခုတြင္ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ထိေတြ႕မိခဲ့သူ လူ ၁၃ ဦးကို အင္းစိန္ေဆး႐ုံတြင္ေစာင့္ၾကည့္ေနေၾကာင္း အင္းစိန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က မဇၩိမသို႔အတည္ျပဳေျပာသည္။


“ဆရာေစာေဒးဗစ္တို႔နဲ႔ ဆုေတာင္းပြဲလုပ္ရင္းနဲ႔ ျဖစ္တဲ့သူေတြလို႔ အၾကမ္းဖ်င္းနားလည္ထားတာေလ။ ေလး ေယာက္ကေတာ့ အတည္ျပဳလူနာျဖစ္သြားၿပီ။ က်န္တဲ့ ၁၃ ေယာက္ကေတာ့ အင္းစိန္ေဆး႐ုံမွာ သူတို႔နဲ႔ထိေတြ႕ခဲ့တဲ့သူေတြေပါ့ေနာ္။ စမ္းသပ္စစ္ေဆးမႈေတြလုပ္ေနတာဒါပါပဲ” ဟု ၎ကဆိုသည္။ ဆုေတာင္းပြဲကို မတ္လေႏွာင္းပိုင္းက ျပဳလုပ္ခဲ့သည္ဟု ယုံၾကည္ရသည္။


ယေန႔နံနက္ ၂ နာရီေက်ာ္က က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ဓာတ္ခြဲအတည္ျပဳလူနာ (Case-034) ၊ (Case-035) ၊ (Case-036) ႏွင့္ (Case-037) တို႔သည္ ႏိုင္ငံျခားသားမ်ား ပါဝင္ေသာ ဘာသာေရးအခမ္းအနားသို႔ အတူတက္ေရာက္ခဲ့သည့္ ရာဇဝင္ရွိ ေၾကာင္း ပါရွိသည္။


သူတို႔၏ ေနအိမ္မ်ားကိုလည္း ဧၿပီ ၁၂ ရက္နံနက္ပိုင္းတြင္ အဝင္/ အထြက္ပိတ္ပင္ထားၿပီး ထိေတြ႕မိခဲ့သူမ်ား၏ ေနအိမ္မ်ားကိုလည္း ေစာင့္ၾကည့္ျပင္ဆင္ေနေၾကာင္းသိရသည္။ ဧၿပီ ၁၂ ရက္ေန႔ ညေနပိုင္းအထိ ျမန္မာႏိုင္ငံအတြင္း COVID-19 အတည္ျပဳလူနာ ၃၈ ဦးအထိရွိေနၿပီး ေသဆုံးသူ ၃ ဦးရွိေနသည္။

မဇၨ်ိမ

Post a Comment

Previous Post Next Post