အခုကာလမှာ အခြေခံလူတန်းစားတွေကို ရိက္ခာဝေပေးနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေကို ကျေးဇူးတင်သလို ရောဂါကာကွယ်ရေးစည်းကမ်းတွေကိုပါ လိုက်နာကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက သတိပေးလိုက်ပါတယ်။
ဝန်ကြီးရုံးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဦးမင်းသူက ပြောလိုက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက် ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ခါမှာ ပြည်သူ၊ အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်း အားလုံး ဝိုင်းဝန်းလုပ်ကိုင်ကြလို့ အားရစရာ အလွန်ကောင်းတယ်လို့ ဆိုပါတယ်။
“ဒါပေမဲ့ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူးဂရုစိုက်စေလိုပါတယ်။ အားလုံးစည်းကမ်းလိုက်နာကြဖို့ အရေးကြီးပါတယ်။
ထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေအားလုံးရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြစေလိုပြီး အလုပ်လုပ်ရင်း ရောဂါကူးစက်တာ မဖြစ်စေရေးက အရေးကြီးတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်များကို လိုက်နာကြပါ။ လူအင်အားများများမသုံးဘဲ အလုပ်ဖြစ်ရုံ လူအင်အားနဲ့ ကာကွယ်မှုများကို လိုက်နာကြပါ။ အခုလို အခြေအနေမှာ လုပ်ကိုင်ပေးနေတာကိုလည်း ကျေးဇူးများစွာ တင်ပါကြောင်း ပြောကြားလိုပါတယ်” လို့ ရေးထားပါတယ်။ ဝန်ကြီးက ဝန်ထမ်းတွေအားလုံး ကပ်ရောဂါကင်းရှင်းစေဖို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်လို့လည်း ဆိုပါတယ်။

Zawgyi
အခုကာလမွာ အေျခခံလူတန္းစားေတြကို ရိကၡာေဝေပးေနတဲ့ အေထြေထြအုပ္ခ်ဳပ္ေရး ဝန္ထမ္းေတြကို ေက်းဇူးတင္သလို ေရာဂါကာကြယ္ေရးစည္းကမ္းေတြကိုပါ လိုက္နာၾကဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီး ဦးမင္းသူက သတိေပးလိုက္ပါတယ္။
ဝန္ႀကီး႐ုံးရဲ႕ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန ဦးမင္းသူက ေျပာလိုက္တာျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေျပာသလို ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားျပည္သူေတြအတြက္ ရိကၡာ ျဖန႔္ျဖဴးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္တဲ့ခါမွာ ျပည္သူ၊ အစိုးရနဲ႔ အုပ္ခ်ဳပ္ေရးပိုင္း အားလုံး ဝိုင္းဝန္းလုပ္ကိုင္ၾကလို႔ အားရစရာ အလြန္ေကာင္းတယ္လို႔ ဆိုပါတယ္။
“ဒါေပမဲ့ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြအတိုင္း မလိုက္နာတဲ့ ျဖစ္ရပ္ေလးေတြေၾကာင့္ ေဝဖန္စရာ ျဖစ္ရပါတယ္။ ဒီလိုထပ္မျဖစ္ရေအာင္ စီမံခန႔္ခြဲသူမ်ား အထူးဂ႐ုစိုက္ေစလိုပါတယ္။ အားလုံးစည္းကမ္းလိုက္နာၾကဖို႔ အေရးႀကီးပါတယ္။
အေထြေထြအုပ္ခ်ဳပ္ေရး ဝန္ထမ္းေတြအားလုံးရဲ႕ က်န္းမာေရးကိုလည္း အထူးဂ႐ုျပဳၾကေစလိုၿပီး အလုပ္လုပ္ရင္း ေရာဂါကူးစက္တာ မျဖစ္ေစေရးက အေရးႀကီးတယ္လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး “က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားခ်က္မ်ားကို လိုက္နာၾကပါ။ လူအင္အားမ်ားမ်ားမသုံးဘဲ အလုပ္ျဖစ္႐ုံ လူအင္အားနဲ႔ ကာကြယ္မႈမ်ားကို လိုက္နာၾကပါ။ အခုလို အေျခအေနမွာ လုပ္ကိုင္ေပးေနတာကိုလည္း ေက်းဇူးမ်ားစြာ တင္ပါေၾကာင္း ေျပာၾကားလိုပါတယ္” လို႔ ေရးထားပါတယ္။ ဝန္ႀကီးက ဝန္ထမ္းေတြအားလုံး ကပ္ေရာဂါကင္းရွင္းေစဖို႔ ဆုေတာင္းေမတၱာ ပို႔သလိုက္ပါတယ္လို႔လည္း ဆိုပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post