တောင်ငူခရိုင် ၊ ထန်းတပင်မြို့ နယ် ၊ ကျီတော်ကျေးရွာတွင် ဧပြီလ ၁၅ ရက်မနက် ၃နာရီခွဲဝန်းကျင်အချိန်က သားအမိ နှစ်ဦးအား ရက်ရက်စက်စက်သတ်သွားသည့် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အသတ်ခံရသည် သားအမိ နှစ်ဦးမှာ ထန်းတပင်မြို့ နယ်၊ ကျီတော်ကျေးရွာနေ မဗေဒါ(ခ) မမြသက်မွန် ( ၃၉ )နှစ်နှင့် သားဖြစ်သူ ဗိုလ်ဗိုလ်ထွန်း ( ၁၃ )နှစ် ၊ ၇တန်းကျောင်းသားလေးတို့ဖြစ်ကြကြောင်းသိရသည် ။
သေဆုံးသူနှစ်ဦးဟာ နေအိမ်ရှေ့ ခုန်တန်းလျားနှစ်လုံး ဆက်ထားသည့် အပေါ်တွင် မနက်အစောပိုင်းက ဓားဖြင့်ရက်ရက်စက်စက် ခုတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

ယင်းသို့ ရက်ရက်စက်စက် ဓားဖြင့်ခုတ်ခဲ့ရာတွင် အမေဖြစ်သူ မဗေဒါ ( မမြသက်မွန် )မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၊ သားဖြစ်သူ ဗိုလ်ဗိုလ်ထွန်း မှာ ဒဏ်ရာများရရှိထားပြီး အဆိုပါ ဒဏ်ရာများဖြင့်ပင် ထန်းတပင်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
ရက်ရက်စက်စက် ဓားဖြင့် ခုတ်သတ်သွားသော တရားခံအား မည်သူ မည်ဝါဖြစ်ကြောင်းနှင့် အဘယ်ကြောင့် ယခုလို ရက်ရက်စက်စက် သတ်လိုက်ရသည်ကိုလည်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ် ။

” အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူး နေလင်းအောင် အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ်သော် တယ်လီဖုန်းစက် ပိတ်ထားသောကြောင့် စုံစမ်း၍ မရခဲ့ပါ ” ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထန်းတပင်မြို့ရဲစခန်းတွင် ( ပ)၅၀/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။
Zawgyi

ေတာင္ငူခရိုင္ ၊ ထန္းတပင္ၿမိဳ့ နယ္ ၊ က်ီေတာ္ေက်းရြာတြင္ ဧၿပီလ ၁၅ ရက္မနက္ ၃နာရီခြဲဝန္းက်င္အခ်ိန္က သားအမိ ႏွစ္ဦးအား ရက္ရက္စက္စက္သတ္သြားသည့္ ႏွစ္ေလာင္းၿပိဳင္ လူသတ္မွု ျဖစ္ပြါးခဲ့ေၾကာင္းသိရသည္။

အသတ္ခံရသည္ သားအမိ ႏွစ္ဦးမွာ ထန္းတပင္ၿမိဳ့ နယ္၊ က်ီေတာ္ေက်းရြာေန မေဗဒါ(ခ) မျမသက္မြန္ ( ၃၉ )ႏွစ္ႏွင့္ သားျဖစ္သူ ဗိုလ္ဗိုလ္ထြန္း ( ၁၃ )ႏွစ္ ၊ ၇တန္းေက်ာင္းသားေလးတို့ျဖစ္ၾကေၾကာင္းသိရသည္ ။

ေသဆုံးသူႏွစ္ဦးဟာ ေနအိမ္ေရွ႕ ခုန္တန္းလ်ားႏွစ္လုံး ဆက္ထားသည့္ အေပၚတြင္ မနက္အေစာပိုင္းက ဓားျဖင့္ရက္ရက္စက္စက္ ခုတ္ခံခဲ့ရတာလို့လည္း သိရပါတယ္။

ယင္းသို့ ရက္ရက္စက္စက္ ဓားျဖင့္ခုတ္ခဲ့ရာတြင္ အေမျဖစ္သူ မေဗဒါ ( မျမသက္မြန္ )မွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ၊ သားျဖစ္သူ ဗိုလ္ဗိုလ္ထြန္း မွာ ဒဏ္ရာမ်ားရရွိထားၿပီး အဆိုပါ ဒဏ္ရာမ်ားျဖင့္ပင္ ထန္းတပင္ေဆး႐ုံအေရာက္တြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

ရက္ရက္စက္စက္ ဓားျဖင့္ ခုတ္သတ္သြားေသာ တရားခံအား မည္သူ မည္ဝါျဖစ္ေၾကာင္းႏွင့္ အဘယ္ေၾကာင့္ ယခုလို ရက္ရက္စက္စက္ သတ္လိုက္ရသည္ကိုလည္း ရဲတပ္ဖြဲ႕ စုံစမ္းစစ္ေဆးမွုေတြ လုပ္ေနပါတယ္ ။

” အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ထန္းတပင္ ၿမိဳ့မရဲစခန္းမွူး ဒုရဲမွူး ေနလင္းေအာင္ အား တယ္လီဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ္ေသာ္ တယ္လီဖုန္းစက္ ပိတ္ထားေသာေၾကာင့္ စုံစမ္း၍ မရခဲ့ပါ ” ။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ထန္းတပင္ၿမိဳ့ရဲစခန္းတြင္ ( ပ)၅၀/၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမွုဖြင့္ဆိုထားေၾကာင္းသိရသည္။

ေနလင္းေအာင္ ( ေတာင္ငူ )

15.4.2020

Post a Comment

Previous Post Next Post