မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဩစတြေးလျနိုင်ငံက မြန်မာကျပ်ငွေ သိန်း ၄၀၀၀ တန်ဖိုးနဲ့ညီမျှတဲ့ ဩစတြေးလျဒေါ်လာ ၅ သိန်းဖိုး ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကူညီမယ်လို့ ကြေညာပါတယ်။

မြန်မာနိုင်ငံရှိ လူထုကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူ ဖြစ်စေဖို့ လှူဒါန်းတာဖြစ်ပြီး အဆိုပါ အထောက်အကူပြုပစ္စည်းတွေကို ဝယ်ယူဖို့နဲ့ အလိုအပ်ဆုံးသောနေရာတွေကို ပေးပို့ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဗဟိုဆေးသိုလှောင်ရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဩစတြေးလျသံရုံးရဲ့ ဧပြီ ၉ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာအတွက် ကူညီပေးတဲ့ ဆေးပစ္စည်းတွေထဲမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Masks ၃၈၀၀၀၀ ၊ PPE ဝတ်စုံ ၂၅၀၀၊ လက်အိပ် အစုံ ၂၀၀၀၀ ၊ Patient Monitors ၅ ခု၊ ICU ကုတင် ၅ ခု၊ Suction စက် ၁၀ ခု၊ Syringe Pumps ၁၀ ခု၊ Oxygen Flow မီတာ၁၀ ခု၊ Defibrillators ၅ ခု၊ Autoclaves ၉ ခု၊ Tracheostomy Sets ၉ စုံနဲ့ Head Pendants ၁၀ စုံ စတာတွေ ပါဝင်ပါတယ်။


ဩစတြေးလျ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီ၊ တီဘီနဲ့ ငှက်ဖျား ရောဂါသုံးမျိုးတိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Three Diseases Fund ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကို ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဩစတြေးလျဒေါ်လာ သန်း ၂၂၀ ပံ့ပိုး ကူညီပေးခဲ့တယ်လို့ လည်းသိရပါတယ်။

ဓာတ်ပုံ- Australian Embassy
Credi DVB

Post a Comment

Previous Post Next Post