ကပ်ရောဂါဆိုးများအတွက် လယ်တီဆရာတော်ကြီးကိုယ်တိုင်စပ်ဆိုခဲ့သော နတ်ချစ်ဂါထာတော်အဖြစ် ဘုရားငါးဆူဂါထာတော်၊ အန္တရာယ်ကင်း တံဆိတ်တော် နှင့် ကိုယ်တွေ့အကျိုး ကျေးဇူးများ

လယ်တီဆရာတော်ဘုရားကြီးလက်ထက် မြန်မာပြည်အနံ့ ပလိပ်ကပ်ရောဂါဘေးတွေ ဆိုက်နေချိန်မှာ ဆရာတော်ကြီး ကိုယ်တိုင် ဝေနေယျများအတွက် နက်နဲသော ညဏ်ပညာဖြင့် စပ်ဆို သီကုံးခဲ့သော ဂါထာထူးဖြစ်ပါသည်။



ဂါထာ၏အနက်အဓိပ္ပါယ်သည် ဘုရားငါးဆူ ကျွနှု်ပ်တို့၏ဦးထိပ်၌ အခါမပြတ် တည်တော်မူပါဘုရား။ ထိုဘုရားငါးဆူတို့၏တန်ခိုး တေဇော အာနုဘော်တို့ကြောင့် တန်ခိုးကြီးသော နတ်မင်း၊ တန်ခိုးကြီးသော ဘီလူးမင်းကြီး များအားလုးံသည်ကျန်းမာချမ်းသာကြပါစေ။

ကျွနှု်ပ်တို့၏ ဆွေမျိူးဉာတကာ မိတ်ဆွေ အရာမှာ တည်ကြပါစေသတည်း၊ အလုးံစုံသောသတ္တဝါတွေလည်း ဘုရားငါးဆူ၏ တန်ခိုးတော်ကြောင့်် ချမ်းသာကြပါစေကုန်သတည်း ဟူသော အနက်အဓိပ္ပယ်သည် ဂါထာ၏ပထမ စာပုဒ်က ဘုရားငါးဆူအား မိမိတို့ ဦးခေါင်း ထက် အရင်ပင့်ဖိတ်စေခြင်း။

ဒုတိယစာပိုဒ်သည် ထိုမိမိ၏ဦးထိပ်၌ ရှိသော ဘုရားငါးဆူ၏တန်ခိုး တေဇော အာနုဘော်ကြောင့် တန်ခိုးကြီးသော နတ်မင်း၊ဘီလူးမင်းတွေ ချမ်းသာပါစေ။ ကျွနှု်ပ်၏မိတ်ဆွေ အရာ၌ တည်ကြပါစေ။

အလုံးစုံသော သတ္တဝါတွေလည်း ချမ်းသာပါစေဟူသော ဘုရားပင့်ခြင်း နတ်တွေကို မေတ္တာပို့ကာ မိတ်ဖွဲ့ခြင်း တည်းဟူသော အနက်မှာ အလွန်ကောင်း မွန်၍ နက်နက်နဲနဲတွေးကြည့်ကာမျှဖြင့် အလွန်ကျေးဇူးများနိုင်သော အကျိူး အနန္တတွေ ဖြာဝေနိုင်ပါသည်။

လောကီ ကြီးပွားအောင်မြင်ရေးများမှ အစပြု၍ သမထ၊ ဝိပဿနာ ပါရမီစခန်း လမ်းကြောင်း ဆိုင်ရာ၌ နတ်တွေချစ်ခင်၊ နတ်တွေ စောင့်ရှောက်လေလေ၊ အနှောင့် ဘေးကင်း အောင်မြင်ချမ်းသာမှု အလီလီရစေစနိုင်ကြောင်း၊ ပညာရှိတို့၏ အဆုးံမသြဝါဒ သာဓကများစွာ အထင်အရှား ရှိခဲ့ပါသည်။

ဂါထာကို တစ်နေ့ အနည်းဆုံး ကိုးခေါက် ရွတ်ခြင်းဖြင့် ရောက်လေရာ ဒေသများရှိ နတ်ဒေဝတာများ အထူးချစ်ခင် စောင့်ရှောက်ခြင်း။ ရောက်လေရာ အစားအသောက် အသုးံအဆောင်များ ပေါများလာတတ်ခြင်း။

ချစ်ခင်သူများ၍ ဘုန်းကံကြီးမားကာ ဘေးဥပဒ်အန္တရာယ်များ တစ်ရံတစ်ခါများ မထိခိုက်နိုင်ခြင်း၊အလုပ်အကိုင် အင်တာဗျူး ရာထူး တိုးများမှစ၍ ယနေ့ ကျန်းမာရေး ကပ်၊ စီးပွားရေးကပ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသော (7) ရက် သားသမီးများအတွက် အလွန် ကြီးမား သော အမြော်အမြင်ဖြင့် ကပ်ရောဂါများ ခံစားနေရချိန် အတွင်း စပ်ဆိုနိုင်ခဲ့သော

လယ်တီဆရာတော်ဘုရားကြီး၏ အမြော်အမြင် ပညာညဏ်ကြီးမားမှုကို တွေးဆကြည့်ရင်း အကြိမ်ကြိမ် ကြည်ညို သဒ္ဓါပွားဖွယ်ရာ ကောင်းလှပါသည်။

(7)ရက်သားသမီးများအနေဖြင့်် ယခုလို ကမ္ဘာ့ကပ်ရောဂါများ ဖြစ်နေချိန်များ၌ နေ့ညမပြတ် တက်ညီလက်ညီ နာနာဖိ၍ ရွတ်ဖတ်စေခြင်း၊ သံပြား သို့မဟုတ် စက္ကူအဖြူများ၌လည်း ဤဂါထာတော်ကို ရေးသားကာ မေတ္တာသုတ်ဖြင့် ၎င်းရေးသားပြီး ဂါထာကို ရွတ်ဖတ်သိဒ္ဓိတင် ကာ အိမ်ပေါက်ဝ၊ ဆိုင်ပေါက်ဝများ၌ ရေးကပ်ထားခြင်းဖြင့် ယုံကြည်မှု သဒ္ဓါတရားအလိုက် ကပ်ရောဂါများ ကွင်းပစေကြောင်း အာရုံနိမိတ်အရ လူတိုင်း ပြုလုပ်နိုင်ကြသော အလွယ်နည်း တခုကို မျှဝေပေးလိုက်ပါသည်။



၁။ ကကုသန္ဓော ကောဏဂမနော ၊ ကဿပေါ ဂေါတမောမုနိ

မေတ္တေယျော ပဉ္စ ဗုဒ္ဓေါတေ။ သိသေမေသန္တု သဗ္ဗဒါ။

၂။ ဧတေသံ အာနုဘာဝနေ ၊ ယကါ္ခဒေဝါ မဟိဒ္ဓိိကာ

သဗ္ဗေပိသုခိတာ ဟောန္တု ၊ မမမိတ္တ သဟာယကာ။

ရွှေတိဂုံ ဆယ်တော်မူဘုရား ရုပ်ပွားတော်၌ ရေးထိုးထား၍လည်း ဆယ်တော်မူဘုရား ဂါထာတော်ဟု လူသိများခဲ့သလို၊ ဘုရားငါးဆူ၏ မေတ္တာအာနုဘော်ကို ခံယူသော ကြောင့်လည်း ဘုရားငါးဆူဂါထာ တော်ဟုလည်း ပညာရှင် အဆက်ဆက် ခေါ်ခဲ့ကြပါသည်။

တနည်းအားဖြင့်လည်း ရွှေတိဂုံဘုရားရှိ ဆယ်တော်မူ ဘုရားပုံတော်ရှေ့၌ဖြစ်စေ ဆီမီး ပန်း ရေချမ်း ကပ်လှူပူဇော်၍ အထက်ပါ ဂါထာတော်ကြီးဖြင့ိ

ပုတီးတစ်ပတ် (၁၀၈)လုံး ပုတီးဖြင့် အနည်းဆုံး (၉)ရက် အဓိဌာန်ဝင်၍ လိုရာ ဆုတောင်းပါလေ။

ရွတ်ဖတ်ရခြင်းအကျိုးများ

1။ လူချစ်လူခငိ ပေါများခြင်း။

2။ အခက်အခဲများမှ လွန်မြောက်ခြင်း။

3။ ကျန်းမာ ချမ်းသာခြင်း။

4။ ရန်သူမျိုးငါးပါးမှ ကင်းဝေးခြင်း။

5။ ပြောဆိုစကား အောင်မြင်ခြင်း။

6။ လာဘ်လာဘပေါများခြင်း။

7။ ထီပေါက်နိုင်ခြင်း။

8။ နတ်တို့ိ၏ ကြည့်ရှု့စောင်မခြင်း များမှ သဗ္ဗသိဒ္ဓိလိုတရဂါထာတော် စသော အကျိုးကျးဇူးများ ရရှိနိုင်ပါသည်။

လယ်တီဆရာတော်ကြီး၏အန္တရာယ်ကင်း တံဆိပ်တော်များကို ဘုရားခန်း၊ တံခါးဝ၊ ဖုန်း စသော နေရာများကို ကပ်ထားပါက ပိုကောင်းပါသည်။

သတ္တဝါများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ဖြစ်ကြပါစေသော်။

leonine king

Post a Comment

Previous Post Next Post