SAISAI Birthday Show က ရခဲ့တဲ့ အလှူငွေတွေထဲက လှူဒါန်းခဲ့တာပါ။အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဟာ SAISAI Birthday Show ကရခဲ့တဲ့ အလှူငွေ သိန်း (၈၀၀) ထဲကနေ သိန်း(၃၀၀)ကို ကိုဗစ်-၁၉  အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းက သူ့ရဲ့ Birthday Show ကငွေ ရခဲ့တဲ့အလှူငွေတွေ ထဲကမှ ငွေကျပ် သိန်း(၃၀၀) ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ပြန်လှူခဲ့တယ်လို့ ဆိုပါတယ်။


“ရရှိတဲ့အလှူငွေများထဲက ငွေကျပ် သိန်း ၃၀၀ ကို ကိုဗစ်-၁၉  အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါတယ် ။ ဒီအလှူငွေတွေဟာ ကပ်ရောဂါထိန်းချုပ်ရေးအလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ စိုင်းစိုင်းက သူရဲ့ဖေ့စ်ဘွတ်မှာ ဧပြီ(၁၃) ရက်နေ့ က ရေးသားထားတာဖြစ်ပါတယ်။စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ပွဲကနေ ပရိသတ်တွေ၊မိတ်ဆွေတွေအားလုံးအလှူငွေ ဝိုင်းဝန်းထည့်ခဲ့ကြတာကြောင့် အခုချိန်ထိ အလှူငွေ သိန်း(၈၀၀)ခန့် ရရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


သိန်း(၃၀၀)ကို ကိုဗစ်-၁၉  ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူခဲ့သလို ကျန်တဲ့ငွေကြေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ ဆက်လက်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲကို ပရိသတ်တွေများစွာနဲ့ အတူတူဖြတ်သန်းလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ဒီနှစ်မွေးနေ့ပွဲမှာတော့ ကိုဗစ်-၁၉  ရောဂါကြောင့် အိပ်ခန်းထဲကနေ သူ့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရပါတယ်။ ဒီလို ဖျော်ဖြေခဲ့ရာမှာလည်း ပရိသတ်တွေအတွက် အားရကျေနပ်စရာကောင်းတဲ့ ရှိုးပွဲ တစ်ခု ဖြစ်ခဲ့တာလည်း လူမှု့ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Zawgyi

SAISAI Birthday Show က ရခဲ့တဲ့ အလႉေငြေတြထဲက လႉဒါန္းခဲ့တာပါ။အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ဟာ SAISAI Birthday Show ကရခဲ့တဲ့ အလႉေငြ သိန္း (၈၀၀) ထဲကေန သိန္း(၃၀၀)ကို ကိုဗစ္-၁၉  အေရးေပၚတုံ႔ျပန္ေရး ရန္ပုံေငြအတြက္ လႉဒါန္းခဲ့ပါတယ္။ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ စိုင္းစိုင္းက သူ႔ရဲ႕ Birthday Show ကေငြ ရခဲ့တဲ့အလႉေငြေတြ ထဲကမွ ေငြက်ပ္ သိန္း(၃၀၀) ကို ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို ျပန္လႉခဲ့တယ္လို႔ ဆိုပါတယ္။


“ရရွိတဲ့အလႉေငြမ်ားထဲက ေငြက်ပ္ သိန္း ၃၀၀ ကို ကိုဗစ္-၁၉  အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို လႉဒါန္းခဲ့ပါတယ္ ။ ဒီအလႉေငြေတြဟာ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအလုပ္နားကာလမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံအိမ္ေထာင္စုေတြအတြက္ ရိကၡာေဝငွေရးထဲကို ေရာက္ရွိမွာျဖစ္ပါတယ္” လို႔ စိုင္းစိုင္းက သူရဲ႕ေဖ့စ္ဘြတ္မွာ ဧၿပီ(၁၃) ရက္ေန႔ က ေရးသားထားတာျဖစ္ပါတယ္။စိုင္းစိုင္းကေတာ့ သူ႔ရဲ႕ ေမြးေန႔ပြဲကေန ပရိသတ္ေတြ၊မိတ္ေဆြေတြအားလုံးအလႉေငြ ဝိုင္းဝန္းထည့္ခဲ့ၾကတာေၾကာင့္ အခုခ်ိန္ထိ အလႉေငြ သိန္း(၈၀၀)ခန႔္ ရရွိေနၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။


သိန္း(၃၀၀)ကို ကိုဗစ္-၁၉  ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို လႉခဲ့သလို က်န္တဲ့ေငြေၾကးေတြကိုလည္း လိုအပ္တဲ့ေနရာေတြမွာ ဆက္လက္လႉဒါန္းသြားမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။ႏွစ္စဥ္ႏွစ္တိုင္း ေမြးေန႔ပြဲကို ပရိသတ္ေတြမ်ားစြာနဲ႔ အတူတူျဖတ္သန္းေလ့ရွိတဲ့ စိုင္းစိုင္းခမ္းလႈိင္ဟာ ဒီႏွစ္ေမြးေန႔ပြဲမွာေတာ့ ကိုဗစ္-၁၉  ေရာဂါေၾကာင့္ အိပ္ခန္းထဲကေန သူ႔ရဲ႕ ပရိသတ္ေတြကို ေဖ်ာ္ေျဖခဲ့ရပါတယ္။ ဒီလို ေဖ်ာ္ေျဖခဲ့ရာမွာလည္း ပရိသတ္ေတြအတြက္ အားရေက်နပ္စရာေကာင္းတဲ့ ရႈိးပြဲ တစ္ခု ျဖစ္ခဲ့တာလည္း လူမႈ႕ကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေတြ႕ရပါတယ္။


စိုင္းစိုင္းခမ္းလႈိင္ကေတာ့ သူ႔ရဲ႕ Birthday Show ကို ၂၀၀၅ ခုႏွစ္ကတည္းက စတင္က်င္းပခဲ့တာျ ဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပျပဳလုပ္ေနၾကျဖစ္တဲ့ ဒီေဖ်ာ္ေျဖပြဲကိုေတာ့ ပရိသတ္ေတြကလည္း ေစာင့္ေမွ်ာ္အားေပးလွ်က္ရွိပါတယ္။သူဟာ ၁၈ ႏွစ္အ႐ြယ္က တည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဂီတမွာသာမက သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာအာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္းဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလို SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္

Post a Comment

Previous Post Next Post