ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်စမိုင်းလ်ကတော့ ဒီနေ့မှာ ရန်ကင်းရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် ဆန်တွေကို လှူဒါန်းပေးခဲ့ပါတယ်။စမိုင်းလ်တို့ မိသားစုကတော့ အမြဲတမ်းလိုလို တစ်မိသားစုလုံး စိတ်တူကိုယ်တူနဲ့ အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာ ဆိုသလို လှူဒါန်းနေခဲ့ ကြတာလည်း ပရိတ်တွေသိရှိပြီးသားဖြစ်မှာပါ။
လတ်တလောမှာကူးစက်ပြန့်ပွားနေတဲ့ Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက လိုအပ်နေတဲ့ PPE ဝတ်စုံတွေနဲ့ Mask တွေကို တတ်နိုင်သလောက် လှူဒါန်းကူညီပေးနေခဲ့ပြီး မကြာသေးခင်ကလည်း အခြေခံ လက်လုပ်လက်စား မိသားစု (၁၀၀)စာအတွက် တစ်ပတ်စာ စာသုံးစရိတ်အနေနဲ့ အလှူငွေ (၁၀)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါသေးတယ်။


 ဒီနေ့ ဧပြီလ (၄)ရက်နေ့မှာတော့ စမိုင်းလို့မိသားစုက ပြည်သူတွေအတွက် မနားမနေ တာဝန်ထမ်းဆောင်ပေးနေတဲ့ ရဲဝန်ထမ်းတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် ဆန်တွေလှူဒါန်းခဲ့ပြန်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စမိုင်းလ်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက်ကို သာဓုခေါ်ဆိုလို့ ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Post a Comment

Previous Post Next Post