ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်ခန့်စည်သူကတော့ လာမယ့်(၂၈.၄.၂၀၂၀) နေ့မှာ ဝေဘာဂီဆေးရုံက ဆရာဝန်၊ဆရာမ၊ ကျန်းမာရေးဝန်ထမ်း(၁၅၀) ကျော်နဲ့ ဆေးကုသမှုခံယူနေကြတဲ့ သူတွေအားလုံးအတွက် ရှယ်မုန့်ဟင်းခါးနဲ့ ရေသန့်ကတ်တွေကို လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။
သူကတော့ ဟိုးအရင်အချိန်တွေကတည်းက အခုထိ အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မကြာသေးခင်က MRTV-4 မှာ ပြသခဲ့တဲ့ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင် ဇာတ်လမ်းတွဲမှာလည်း ကိုကြာစွယ်အဖြစ်နဲ့ ပရိသတ်တွေ မျက်ရည်ကျလောက်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အလှူအတန်းရက်ရောတဲ့ ခန့်စည်သူကတော့ သင်္ကြန်ကာလမတိုင်ခင်ကလည်း အခြားအနုပညာရှင်တွေနဲ့အတူ နွမ်းပါးတဲ့အခြေခံလူတန်းစားတွေကို သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ..
သူကတော့ နိုင်ငံတော်က ချီးမြှင့်တဲ့ဘွဲ့တံဆိပ်တွေကိုလည်း ရရှိထားပြီး အခွင့်သာရင်သာသလို လှူဖို့ ကြိုးစားနေသူတစ်ယောက်မို့ လာမယ့် ဧပြီ(၂၈) ရက်နေ့မှာလည်း ရှေ့တန်းထွက်တိုက်နေတဲ့ ဝေဘာဂီဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသမှုခံယူနေတဲ့လူနာတွေအတွက် ရှယ်မုန့်ဟင်းခါးနဲ့ ရေသန့်ကတ်တွေ လှူဒါန်းပေးသွားမှာဖြစ်တဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။



Zawgyi


႐ုပ္ရွင္ႏွင့္ ဗြီဒီယိုသ႐ုပ္ေဆာင္ခန႔္စည္သူကေတာ့ လာမယ့္(၂၈.၄.၂၀၂၀) ေန႔မွာ ေဝဘာဂီေဆး႐ုံက ဆရာဝန္၊ဆရာမ၊ က်န္းမာေရးဝန္ထမ္း(၁၅၀) ေက်ာ္နဲ႔ ေဆးကုသမႈခံယူေနၾကတဲ့ သူေတြအားလုံးအတြက္ ရွယ္မုန႔္ဟင္းခါးနဲ႔ ေရသန႔္ကတ္ေတြကို လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။
သူကေတာ့ ဟိုးအရင္အခ်ိန္ေတြကတည္းက အခုထိ ေအာင္ျမင္မႈကို ေရရွည္ထိန္းထားႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ မၾကာေသးခင္က MRTV-4 မွာ ျပသခဲ့တဲ့ ဆူးပန္းေခြသြယ္ဘယက္ႏွင့္ ေပ႐ြက္လိပ္ နားေတာင္းဆင္ ဇာတ္လမ္းတြဲမွာလည္း ကိုၾကာစြယ္အျဖစ္နဲ႔ ပရိသတ္ေတြ မ်က္ရည္က်ေလာက္ေအာင္ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အလႉအတန္းရက္ေရာတဲ့ ခန႔္စည္သူကေတာ့ သၾကၤန္ကာလမတိုင္ခင္ကလည္း အျခားအႏုပညာရွင္ေတြနဲ႔အတူ ႏြမ္းပါးတဲ့အေျခခံလူတန္းစားေတြကို သြားေရာက္လႉဒါန္းေပးခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ..

သူကေတာ့ ႏိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့ဘြဲ႕တံဆိပ္ေတြကိုလည္း ရရွိထားၿပီး အခြင့္သာရင္သာသလို လႉဖို႔ ႀကိဳးစားေနသူတစ္ေယာက္မို႔ လာမယ့္ ဧၿပီ(၂၈) ရက္ေန႔မွာလည္း ေရွ႕တန္းထြက္တိုက္ေနတဲ့ ေဝဘာဂီေဆး႐ုံက က်န္းမာေရးဝန္ထမ္းေတြနဲ႔ ကုသမႈခံယူေနတဲ့လူနာေတြအတြက္ ရွယ္မုန႔္ဟင္းခါးနဲ႔ ေရသန႔္ကတ္ေတြ လႉဒါန္းေပးသြားမွာျဖစ္တဲ့အေၾကာင္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Credit-Cele Gabar

Post a Comment

Previous Post Next Post