COVID 19 – လူနာအမှတ် “ ၂၅ “မှ မင်္ဂလာပွဲလာတက်မှု နှင့် ဆက်နွယ်ပြီး လက်ရှိ Quarantine လုပ်ခံရသူ “၁၆၆ “ဦး ရှိသွားပါပြီ
၁၁..၄..၂၀၂၀

လူစုလူဝေး မလုပ်ရလို့ နိုင်ငံတော်က ကြေငြာထားတော့ ခန်းမကြီးမှာ မင်္ဂလာ မဆောင်ရလို့ အိမ်မှာဘဲ့ လူလေးနည်းနည်း နှင့် မင်္ဂလာ ဆောင်လိုက်ပါတယ်တဲ့။

COVID 19 – လူနာအမှတ် “ ၂၅ “က ရန်ကုန်ကနေ ၂၃..၃..၂၀၂၀ မှာ ရန်ကုန်ကနေ “၅၈ “ဦးပါ လေယာဉ်စီးပြီး မြိတ်ကိုရောက်လာတယ် “အိမ်တော်ဖြူ “ဟိုတယ်မှာ တစ်ညတည်းပြီး ၂၄.မှာ မင်္ဂလာပွဲတက်တယ်။ ၂၅..၃..၂၀၂၀ မှာ မြိတ်ကနေ ရန်ကုန်ကို လေယာဉ်နှင့် ပြန်သွားပါတယ်။

COVID 19 – လူနာအမှတ် “ ၂၅ “ဟာ – ၂..၄..၂၀၂၀ စဖျားပါတယ်
၉..၄..၂၀၂၀ မှာ ရန်ကုန်ဆေးရုံကြီး ရောက်ပါတယ်။

COVID 19 – လူနာအမှတ် “ ၂၅ “တက်ရောက်တဲ့ အကျည်းချုပ်လုပ်ပါတယ်ဆိုတဲ့ မင်္ဂလာပွဲမှာ လူ ၅၀ ထက်မနည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခုမင်္ဂလာပွဲ လုပ်တဲ့ ရက်ဟာ မြန်မာပြည်မှာ လူနာ စတွေ့ပြီး ရန်ကုန်မှာ ညအချိန် အိုးနှင်းခွက်နှင်း ဖြစ်တဲ့နေ့ပါ။

ကုတင်ပေါ်မှာ တက်ထပ်မဲ့ ကိစ္စ နှစ်ဦးသဘောတူဖို့ဘဲ့လိုတယ် မဟုတ်လား ဒီလိုအချိန်မှာ ဂုဏ်တွေနှင့် မင်္ဂလာပွဲလုပ်မှ တက်ထပ်လို့ရမယ်လို့ စိတ်ကြီး၀င်နေတဲ့ အသိုင်းဝိုင်းကို တော်တော်ကို ရွှံသွားတယ်။

အခု ဒီမင်္ဂလာပွဲ မွေလိုက်တာ COVID 19 – လူနာအမှတ် “ ၂၅ “ တည်းခိုသွားတဲ့ ဟိုတယ် တခုတည်းနှင့်သာ ပတ်သက်မှုရှိတဲ့ ၀န်ထမ်းတွေ ရဲ မိသားစု လက်ရှိ Quarantine လုပ်ခံရသူ “၁၆၆ “ဦး ရှိသွားပါပြီ ။

လက်ရှိ Quarantine လုပ်ခံရသူ “၁၆၆ “ဦးကို မနေ့ည တညလုံး ကားတွေနင့် လိုက်ရှာခေါ် နေပြီး Quarantine လုပ်မည့် အဆောင်ဦးကိုပို့ နေတဲ့ “LIVE “လွှင့်နေတာ ကြည့်လိုက်ရတာ လမ်းတောင်
ကောင်းကောင်း မလျောက်နိုင်တဲ့ သက်ကြီးရွှယ်အိုတွေ ဟိုင်းလတ် အရွှယ်စားလောက်သာရှိတဲ့ ကားပေါ်တောင်မတက်နိုင်တဲ့ အသက်ကြီး ရွှယ်အိုတွေ ကလေးလေးတွေ ပါ Quarantine လုပ်ခံရမဲ့ “၁၆၆ “ဦး ထဲမှာ ပါနေတာ မြင်ရတော့ ရင်ထဲဆို့တက်ပြီး ဘာမှတောင် ဆက်မတွေးရဲတော့ဘူး။

အခု ဒီဂျိုမွေတဲ့ မင်္ဂလာပွဲကြောင့် လက်ရှိ Quarantine လုပ်ခံရမဲ့ “၁၆၆ “ဦးထဲက ၀န်ထမ်းဘယ်နှဦး စီးပွားရေးဒုက္ခနှင့် ရင်ဆိုင်ရပြီး ဒီထဲမှာမတော်လို့ ပါလာခဲ့ရင် သွားပြီပေါ့။

ဒါ COVID 19 – လူနာအမှတ် “ ၂၅ “ တည်းခိုသွားတဲ့ ဟိုတယ် တခုရဲ့ “Case“ဘဲ့ရှိပါသေးတယ်။ မင်္ဂလာပွဲ “Case “နှင့်ဆက်နွယ်သူတွေ မပါသေးဘူး။

COVID 19 – လူနာအမှတ် “ ၂၅ “ စီးနှင်းခဲ့တဲ့ အသွားအပြန် လေယာဉ် က ဆက်နွယ်မှု မပါသေးဘူး။ ဒီကြားထဲ COVID 19 – လူနာအမှတ် “ ၂၅ “ ဟာ မြိတ်ကိုရောက်ခိုက် ကုန်တိုက်တွေ သွားခဲ့တယ်လို့
“အတည်မပြု `နိင်တဲ့ သတင်းလဲ ရထားတယ်။

အခု မင်္ဂလာပွဲ “Case “ကြောင့် အေးချမ်းတဲ့ မြိတ်မြို့ကြီး အခု ပူပန်သောကတွေနှင့် တစ်ယောက် ကိုယ် တစ်ယောက်ရောဂါ သံသယ မျက်လုံးတွေ နှင့် ကြည့်ပြီး ကြောက်စိတ်တွေနှင့် နေထိုင်ရပါတော့မယ်။

ဒါဟာကံတရား မဟုတ်ဘူး တကမ္ဘာလုံး ကပ်ဘေးဆိုက်နေတာ သိသိကြီးနှင့် ဖင်ယားတဲ့အမှုကို ခွင့်လွှတ်လို့မရဘူး
=========

Credit
ဧပရယ်မောင်မောင်

Zawgyi


၁၁..၄..၂၀၂၀













=========

Credit
ဧပရယ်မောင်မောင်

Post a Comment

Previous Post Next Post