ကူးစက်ရောဂါ ကပ်ဘေးကြီး ကျရောက်လာချိန်မှာ ကျန်းမာရေးအရ ကြိုတင်ကာကွယ်နိုင်ဖို့ လက်ဆေးပြီး အိမ်တွင်းပုန်းနေတာ အကောင်းဆုံးပါပဲ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေအတွက် ဗိုင်းရပ်စ်ကြောင့် သေမှာထက် ဝမ်းမဝဘဲ သေရမှာကို ပိုပြီး စိုးရိမ်ပူပန်ကြပါတယ်။ ရောဂါကပ်ဆိုက်ချိန်မှာ အငတ်ဘေးကပ်ကလည်း ယှဉ်တွဲလာပြီမို့ အားလုံးဝမ်းရေးအတွက် စိုးရိမ်ပူပန်ရပါပြီ။

စိုးရိမ်ပူပန်မှုတွေကို တစ်ထောင့်တစ်နေရာကနေ ဖြေလျော့ပေးဖို့ ကြိုးစားလိုက်သူကတော့ ခေတ်သစ်ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ လင်းလင်း နဲ့ ချစ်သုဝေက ဦးဆောင်ပြီး စေတနာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက လှိုင်သာယာ အောင်ဇေယျ တံတားအောက်မှာ နေထိုင်ကြတဲ့ မိသားစုတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အဆိုတော် လင်းလင်းကိုယ်တိုင် ဆန်၊ ဆီ၊ စားစရာများကို
လှိုင်သာယာမှာ ကိုယ်တိုင်ကိုယ်ကျ အလှူဒါန ပြုလုပ်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း
သယ်ပြီး အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးတဲ့ ပုံရိပ်တွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပလူပျံခဲ့ပါတယ်။ဝမ်းရေးအတွက် ခက်ခဲနေတဲ့ အချိန်ကာလမှာ အများပြည်သူကောင်းကျိုးအတွက် ကူညီမှုပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို အားလုံးက ကောင်းချီးပေးကြတာ ဖြစ်ပါတယ်။ လှူဒါန်းမှုအစုစုကို အများပြည်သူ သာဓုခေါ်နိုင်စေရန် ရည်ရွယ်ပြီး သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေက ခုလို မျှဝေပေးထားပါတယ်။
လှိုင်သာယာမှာ ကိုယ်တိုင်ကိုယ်ကျ အလှူဒါန ပြုလုပ်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း
“လှိုင်သာယာမြို့နယ်ရှိ နွမ်းပါးပြည်သူများအတွက် စားနပ်ရိက္ခာများအား ခေတ်သစ်ဖောင်ဒေးရှင်းမှ ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝေငှပေးခဲ့ပါတယ်။ မျှဝေကူညီပေးခဲ့ကြတဲ့ စေတနာရှင် အယောက်စီတိုင်းကို ခေတ်သစ်ဖောင်ဒေးရှင်းမှ လိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ဗိုင်းရပ်စ်ပိုးများ ရပ်တန့်ပါစေ။ချစ်ခြင်းတရားများ ပျံ့နှံ့ပါစေ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ပြည်သူချစ်တဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူတွေ လိုအပ်နေချိန်မှာ အဆင်သင့်ရှိနေပေးတာကိုက သာဓုခေါ်ထိုက်တဲ့ မွန်မြတ်သော လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post