မြောက်ဥက္ကလာဆေးရုံက ရှေ့တန်းတိုက်စစ်မှူးတွေကို ဒုက္ခပေးလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ်(၁၆)

ယနေ့ ဓာတ်ခွဲအတည်ပြု ကိုရိုနာဗိုင်းရပ်စ်လူနာအမှတ်-၁၆ (Case-16) က မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ (၃၁-၃-၂၀၂၀) ရက်နေ့မှာ တက်ရောက် ကုသမှု ခံယူခဲ့စဉ်က ဆေးရုံက နိုင်ငံခြား သွားဖူးခြင်း ရှိ၊ မရှိ နိုင်ငံခြားပြန်တွေနဲ့ ၁၄ ရက်အတွင်းမှာ ထိတွေ့ ခဲ့ဖူးခြင်း ရှိမရှိ စစ်မေးတဲ့အခါမှာ မရှိဘူးလို့ လိမ်ခဲ့တဲ့အတွက် သူ့ကို သာမန်ဖျားနာ လူနာတွေထားတဲ့ Medical Unit 2 မှာထားခဲ့ပြီး ယနေ့ ဆေးစစ်ချက် အဖြေထွက်တဲ့အခါမှာ Positive အဖြေထွက်လာတဲ့အတွက် Unit 2 မှာ တာဝန်ကျတဲ့ ဆရာဝန်တွေ သူနာပြုတွေ Team တစ်ခုလုံး Quarantine ထိသွားကြပါပြီ။

ဒါ့ကြောင့် ယခုလို အရေးကြီးတဲ့အချိန်မှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိခိုက်စေရအောင် ဆေးရုံကို အဖြစ်မှန်မပြောပဲ လိမ်တဲ့လူနာတွေကို ထိရောက်စွာ အရေးယူဖို့လိုပါပြီ…

ယနေ့ Positive အဖြေထွက်မှ ဝန်ခံသော သူ့ History…


” ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိပါသည်။

ZN.H

Post a Comment

Previous Post Next Post