စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် ကမ္ဘာ့ကူးဆက်မြန် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးဆက် ပြန့်ပွားခြင်း မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ် တုန့်ပြန်ရေး လုပ်ငန်းစဉ်များကို နေ့မအား ညမနား ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ည (၁၀) နာရီမှ မနက်(၄) နာရီ အချိန်ထိ မိဘပြည်သူများမှလည် ညမ ထွက်ခြင်းဖြင့် ပူးပေါင်းပါဝင်လျက်ရှိသည်။

သို့သော် လူငယ်အချို့မှာ ကပ်ရောဂါ ကူးဆက်ပြန့်ပွားခြင်း မရှိစေရန် ကာကွယ်ထိန်းချုပ် တုန့်ပြန်ရေး လုပ်ငန်း စဉ်များတွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်လျက်ရှိပြီး
သက်ဆိုင်ရာမှ သွားလာခြင်း ကန့်သတ်ထားသည့် အချိန် များတွင် အကြောင်းမဲ့ ၎င်းတို့၏ စိတ်ခံစားချက်များအတိုင်း သွားလာလျက်ရှိသည်။

ထို့ကြောင့် ကူးဆက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်း ၊ ရပ်ကင်း ၊

ဝပ်ကင်း နှင့် ပိတ်ဆို့စစ်ဆေး ရေး စသည့် နည်းလမ်းမျိုးစုံဖြင့် စီစစ်ကြပ်မတ်၍ ကန့်သတ်တားမြစ် အချိန်အတွင်း သွားလာသူများကို မေတ္တာ တရားဖြင့် ပညာဟောပြော လုပ်ဆောင်ခဲ့သည်။
ထိုသို့ မေတ္တာတရားဖြင့် ပညာပေး၍ မရပါက လုပ်ထုံး လုပ် နည်းနှင့်အညီ ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကိုတိုးကြီး(မုံရွာ)

Unicode








Post a Comment

Previous Post Next Post