ဓါတ်ခွဲခန်းတစ်ခုအပါအဝင် တရုတ်ဆေးပညာအဖွဲ့မြန်မာပြည်ကိုရောက်ရှိ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာအဖွဲ့ဝင်တွေဟာ ဒီနေ့ ဧပြီလ ၈ ရက် မနက်ပိုင်းက ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး ဒေါ်လာ ၆ သိန်းတန် ဆေးပစ္စည်းတွေနဲ့ လူထောင်နဲ့ချီစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုလည်း ပါလာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက Duwun ကိုပြောပါတယ်။


“ ရန်ကုန်လေဆိပ်ကို ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ရောက်ပြီ။ဆေးနဲ့ဆေးပစ္စည်းတွေပါတယ်။ laboratory တစ်ခုပါတယ်။ သူတို့ပါလာတဲ့ပစ္စည်း က ၅.၃ တန်ချိန်ရှိတယ်။ နိုင်ငံခြားဝန်ကြီးကိုယ်စားလက်ခံယူပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကို လေဆိပ်မှာလွှဲပြောင်းပေးလိုက်ပါပြီ” လို့ ဦးဇော်ထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားရေးတိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေဖို့ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်က အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေဟာ ဒီနေ့ မနက်ပိုင်းက ကူမင်းမြို့ ချမ်းရွှေလေဆိပ်ကနေ ရန်ကုန်ကို ထွက်ခွာလာခဲ့တာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက Mask တွေ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးနဲ့ဆေးပစ္စည်း ထောက်ပံ့မှုတွေ လုပ်ပေးလျှက်ရှိနေတယ်လို့လည်းသိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၂၂ ဦးရှိတဲ့ အနက် ၃ ဦးသေဆုံးခဲ့ပြီလို့လည်း သိရပါတယ်။

သေဆုံးသူတွေကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်က နှာခေါင်းကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ် အမျိုးသား၊ မြောက်ဥက္ကလာပမြို့နယ်က အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးနဲ့ ပေါက်ခေါင်းမြို့နယ်က ဒုအုပ်ချုပ်ရေးမှူး အသက် ၄၇ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။


Zawgyi

ဓါတ္ခြဲခန္းတစ္ခုအပါအ၀င္ တရုတ္ေဆးပညာအဖြဲ ့ျမန္မာျပည္ကိုေရာက္ရွိ
တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆးပညာအဖြဲ႕ဝင္ေတြဟာ ဒီေန႔ ဧၿပီလ ၈ ရက္ မနက္ပိုင္းက ရန္ကုန္ကိုေရာက္ရွိလာခဲ့ၿပီး ေဒၚလာ ၆ သိန္းတန္ ေဆးပစၥည္းေတြနဲ႔ လူေထာင္နဲ႔ခ်ီစစ္ေဆးႏိုင္တဲ့ ဓာတ္ခြဲခန္းတစ္ခုလည္း ပါလာခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန သံတမန္ေရးရာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ထြန္းဦးက Duwun ကိုေျပာပါတယ္။




“ ရန္ကုန္ေလဆိပ္ကို ဒီေန႔ မနက္ ၁၀ နာရီခြဲမွာ ေရာက္ၿပီ။ေဆးနဲ႔ေဆးပစၥည္းေတြပါတယ္။ laboratory တစ္ခုပါတယ္။ သူတို႔ပါလာတဲ့ပစၥည္း က ၅.၃ တန္ခ်ိန္ရွိတယ္။ ႏိုင္ငံျခားဝန္ႀကီးကိုယ္စားလက္ခံယူၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနကို ေလဆိပ္မွာလႊဲေျပာင္းေပးလိုက္ပါၿပီ” လို႔ ဦးေဇာ္ထြန္းဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ကူးစက္ျပန႔္ပြားေရးတိုက္ဖ်က္ရာမွာ အေထာက္အကူျဖစ္ေစဖို႔ တ႐ုတ္ႏိုင္ငံ၊ယူနန္ျပည္နယ္က အဖြဲ႕ဝင္ ၁၂ ဦးပါဝင္တဲ့ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ေတြဟာ ဒီေန႔ မနက္ပိုင္းက ကူမင္းၿမိဳ႕ ခ်မ္းေ႐ႊေလဆိပ္ကေန ရန္ကုန္ကို ထြက္ခြာလာခဲ့တာတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံမွာ COVID-19 စတင္ျဖစ္ပြားခဲ့ခ်ိန္ကတည္းက Mask ေတြ၊ က်န္းမာေရးအေထာက္အကူျပဳပစၥည္းေတြ၊ ေဆးနဲ႔ေဆးပစၥည္း ေထာက္ပံ့မႈေတြ လုပ္ေပးလွ်က္ရွိေနတယ္လို႔လည္းသိရပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါျဖစ္ပြားသူ ၂၂ ဦးရွိတဲ့ အနက္ ၃ ဦးေသဆုံးခဲ့ၿပီလို႔လည္း သိရပါတယ္။

ေသဆုံးသူေတြကေတာ့ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္က ႏွာေခါင္းကင္ဆာေရာဂါအခံရွိသူ အသက္ ၆၉ ႏွစ္အ႐ြယ္ အမ်ိဳးသား၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္က အသက္ ၆၃ ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါအခံရွိသူ အမ်ိဳးသမီးနဲ႔ ေပါက္ေခါင္းၿမိဳ႕နယ္က ဒုအုပ္ခ်ဳပ္ေရးမႉး အသက္ ၄၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔ ျဖစ္ပါတယ္။

Source: ဓူ၀ံ

Post a Comment

Previous Post Next Post