စပိန်နိုင်ငံမှာ အခေါင်းလုပ်ငန်းများ လုပ်သားအသစ်ခေါ်ယူပြီး လက်မလည်အောင် အချိန်ပို လုပ်နေကြရ…
စပိန်နိုင်ငံမှာ အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် ကုမ္ပဏီတွေ ပိတ်ထားရပေမယ့် ခေါင်းတလားရောင်းတဲ့ လုပ်ငန်းတွေကတော့ လက်မလည်အောင် အလုပ်လုပ်နေကြရပါတယ်။ နေ့မအား ညမနား အလုပ်လုပ်ကြရတာကြောင့် ဝယ်လိုအားကို မီနိုင်အောင် အလုပ်သမားအသစ်တွေ ထပ်ခေါ်နေကြရပါတယ်။
စပိန်ရဲ့ နှစ်ပေါင်း ၁၁၀ ကျော် သက်တမ်းရှိတဲ့ အကြီးဆုံး အခေါင်းလုပ်ငန်းကြီးဟာဆိုရင် အမှာစာ ရှစ်ဆလောက် ပိုရနေတယ်၊ မက်ဒရစ်မြို့ရဲ့ ဝယ်လိုအားကို လိုက်မီအောင် တစ်ရက်ကို ခေါင်းတလားအလုံး ၃၀၀ လောက် စပ်ပေးနေရတယ်လို့ ဆိုပါတယ်။ ထုတ်လုပ်နိုင်စွမ်းကိုလည်း ၂၅ ရာခိုင်နှုန်း မြှင့်တင်ထားရပါတယ်။ တစ်ရက်ကို ၁၁ နာရီကျော် အလုပ်လုပ်နေရတာလည်း ဖြစ်ပါတယ်။

ပြီးတော့ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေနဲ့ အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် ဝယ်သူတွေဆီကို အရောက်ပို့ဆောင်ပေးတဲ့ လုပ်ငန်းကိုလည်း လုပ်နေကြရပါတယ်။ ဘာသာမတူသူတွေအတွက် ခေါင်းတလားပေါ်မှာ ပုံမှန်ထည့်နေကျ ကက်သလစ် ဘာသာရေး သင်္ကေတ တွေကို ဖယ်ရှားပေးရတာလည်း အလုပ်တစ်ခုဖြစ်ပါတယ်။

စပိန်နိုင်ငံဟာ ဥရောပမှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်တဲ့ အီတလီပြီးရင် ဒုတိယလိုက်နေပါတယ်။ စုစုပေါင်း သေဆုံးသူ ၁၄၀၀၀ ကျော်သွားပါပြီ။ လက်ရှိအနေအထားမှာ တစ်ရက်အတွင်း သေဆုံးနှုန်းက အီတလီထက် မြင့်နေတာကြောင့် စုစုပေါင်း ၁၇၀၀၀ ကျော်သေဆုံးနှုန်းရှိတဲ့ အီတလီကို ကျော်တက်သွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Zawgyi

စပိန္ႏိုင္ငံမွာ အေခါင္းလုပ္ငန္းမ်ား လုပ္သားအသစ္ေခၚယူၿပီး လက္မလည္ေအာင္ အခ်ိန္ပို လုပ္ေနၾကရ…

စပိန္ႏိုင္ငံမွာ အသြားအလာေတြ ပိတ္ပင္ထားတာေၾကာင့္ ကုမၸဏီေတြ ပိတ္ထားရေပမယ့္ ေခါင္းတလားေရာင္းတဲ့ လုပ္ငန္းေတြကေတာ့ လက္မလည္ေအာင္ အလုပ္လုပ္ေနၾကရပါတယ္။ ေန႔မအား ညမနား အလုပ္လုပ္ၾကရတာေၾကာင့္ ဝယ္လိုအားကို မီႏိုင္ေအာင္ အလုပ္သမားအသစ္ေတြ ထပ္ေခၚေနၾကရပါတယ္။

စပိန္ရဲ႕ ႏွစ္ေပါင္း ၁၁၀ ေက်ာ္ သက္တမ္းရွိတဲ့ အႀကီးဆုံး အေခါင္းလုပ္ငန္းႀကီးဟာဆိုရင္ အမွာစာ ရွစ္ဆေလာက္ ပိုရေနတယ္၊ မက္ဒရစ္ၿမိဳ႕ရဲ႕ ဝယ္လိုအားကို လိုက္မီေအာင္ တစ္ရက္ကို ေခါင္းတလားအလုံး ၃၀၀ ေလာက္ စပ္ေပးေနရတယ္လို႔ ဆိုပါတယ္။ ထုတ္လုပ္ႏိုင္စြမ္းကိုလည္း ၂၅ ရာခိုင္ႏႈန္း ျမႇင့္တင္ထားရပါတယ္။ တစ္ရက္ကို ၁၁ နာရီေက်ာ္ အလုပ္လုပ္ေနရတာလည္း ျဖစ္ပါတယ္။

ၿပီးေတာ့ တစ္ႏိုင္ငံလုံး အေရးေပၚအေျခအေနနဲ႔ အသြားအလာေတြ ပိတ္ပင္ထားတာေၾကာင့္ ဝယ္သူေတြဆီကို အေရာက္ပို႔ေဆာင္ေပးတဲ့ လုပ္ငန္းကိုလည္း လုပ္ေနၾကရပါတယ္။ ဘာသာမတူသူေတြအတြက္ ေခါင္းတလားေပၚမွာ ပုံမွန္ထည့္ေနက် ကက္သလစ္ ဘာသာေရး သေကၤတ ေတြကို ဖယ္ရွားေပးရတာလည္း အလုပ္တစ္ခုျဖစ္ပါတယ္။

စပိန္ႏိုင္ငံဟာ ဥေရာပမွာ ေသဆုံးမႈႏႈန္းအမ်ားဆုံးျဖစ္တဲ့ အီတလီၿပီးရင္ ဒုတိယလိုက္ေနပါတယ္။ စုစုေပါင္း ေသဆုံးသူ ၁၄၀၀၀ ေက်ာ္သြားပါၿပီ။ လက္ရွိအေနအထားမွာ တစ္ရက္အတြင္း ေသဆုံးႏႈန္းက အီတလီထက္ ျမင့္ေနတာေၾကာင့္ စုစုေပါင္း ၁၇၀၀၀ ေက်ာ္ေသဆံုးႏႈန္းရိွတဲ့ အီတလီကို ေက်ာ္တက္သြားတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။



Reuters


Post a Comment

Previous Post Next Post