မိုးကြီးနိုင်ခြင်းသတိပေးချက်

၂၀၂၀ ဧပြီလ ၁၂ရက် ၁၃ရက် ၁၄ရက်နေ့များတွင် ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးရွာသွန်းနိုင်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပန် တာချီလိတ် မိုင်းဖြတ် ကျိုင်းတုံ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်နှင့် ရွှေတြိဂံဒေသတို့တွင် မိုးရေချိန် ၂လက်မမှ ၄လက်မအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြီးနိုင်ပါတယ် ။

၁၃ရက်နေ့မိုးသည်းထန်ချိန် လျှပ်စီးမိုးကြိုးနှင့် ရုတ်တရက်လေပြင်များတိုက်ခတ်နိုင်ပါတယ်။10/04/2020 at 4:35pm (MMT) SU SU SAN

10/4/20.နွေရာသီ မိုးကြိုးမုန်တိုင်းသတိပေးချက်

မိုးဇလအခြေအနေများအရ April 12မှ 15အတွင်း တရုတ်နိုင်ငံအတွင်း အနည်းငယ်အေးမြသည့် ဖိအားမြင့်လေထုရှိနေပြီး ဖိအားနိမ့်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်ပိုင်းဒေသများသို့ စီးဆင်းလာမည်ဖြစ်ရာ …

ပူပြင်းခြောက်သွေ့နေသည့်လေးများနှင့် ပေါင်းဆုံ၍ စိုထိုင်းဆများဖြစ်ပေါ်ကာ မိုးကြိုးမုန်တိုင်းအဖြစ်ပေါ်ခြင်း ရုတ်တရက်လေပြင်းတိုက်ခြင်း မိုးသီးကြွေခြင်း အချိန်ခါမဟုတ်မိုးရွာခြင်းများ ဖြစ်ပေါ်ပါမည်။

မြန်မာနိုင်ငံတောင်ပိုင်း မွန် တနင်္သာရီဒေသများ ရှမ်းအရှေ့ဒေသများ အဆိုပါဖြစ်စဉ်ကို April 12မှ 15ရက်အတွင်းသက်ရောက်ခံစားရနိုင်ပါသည်။

တောင်သူလယ်သမားများ မိမိတို့၏ စိုက်ပျိုးရေးထုတ်ကုန်များကို သတိပြု့ကြပါရန်။ရုတ်တရက်လေပြင်းများဖြစ်ပေါ်နိုင်၍ မခိုင်ခန့်သော သစ်ပင်များ အဆောက်ဦးများအနီး သတိပြု့နေထိုင်ပါရန်။San Khaing‎

————————










Post a Comment

Previous Post Next Post