Unicode

ပရိသတ်အချစ်တော် တေးသံရှင်ဖြူဖြူကျော်သိန်းကတော့ Covid-19 ကာကွယ်ရေးအတွက် တစ်တတ်တအား အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့ပါပြီ ” ပြည်သူနှင့်အတူ လှူကြမယ် ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ Covid-19 ပြဿနာ ဖြေရှင်းရန် ပြည်သူများနဲ့ အနုပညာရှင်များ စုပေါင်းကောက်ခံထားသော အလှူငွေများထဲက အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်နေသော ငွေကျပ် (၁၃၅) သိန်း (၁) သောင်း (၂) ထောင့် (၅) ရာကို လှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။


လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ KN 95 – 450 pc ၊ Surgical Gowns – 640 pc ၊ Apron – 4800 pc ၊ DuPont PPE – 280 pc ၊ Face Shield – 340 ၊ E-Gloves – 2000 pc ၊ Pulse Oximeter – 5 pc ၊ BP Cuff – 5 pc တို့ကို ပါမောက္ခသမားတော်ကြီး ဒေါ်မာမာကြည် ထံ လက်ရောက်ပေးအပ်လှူတန်းခဲ့တာပဲဖြစ်ပါတယ် ။ အလှူရှင်များသာဓုခေါ်နိုင်ရန်အတွက် ဖြူဖြူက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အလှူအတွက် ဂုဏ်ပြုမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ် ။

ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း အခုလို အမှန်တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက် ဖြူဖြူနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေကြတာတွေ့ရပါတယ် ။ Cele Gabar ပရိသတ်ကြီးကလည်း ပြည်သူနဲ့ အနုပညာရှင်တွေ အတူတူ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ ဖြူဖြူရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ။

Zawgyi

ပရိသတ္အခ်စ္ေတာ္ ေတးသံရွင္ျဖဴျဖဴေက်ာ္သိန္းကေတာ့ Covid-19 ကာကြယ္ေရးအတြက္ တစ္တတ္တအား အေနနဲ႔ တစ္ေထာင့္တစ္ေနရာက ပါဝင္လာခဲ့ပါၿပီ ” ျပည္သူႏွင့္အတူ လႉၾကမယ္ ” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အတူ Covid-19 ျပႆနာ ေျဖရွင္းရန္ ျပည္သူမ်ားနဲ႔ အႏုပညာရွင္မ်ား စုေပါင္းေကာက္ခံထားေသာ အလႉေငြမ်ားထဲက အင္းစိန္အေထြေထြေရာဂါကုေဆး႐ုံႀကီးအတြက္ လိုအပ္ေနေသာ ေငြက်ပ္ (၁၃၅) သိန္း (၁) ေသာင္း (၂) ေထာင့္ (၅) ရာကို လႉဒါန္းခဲ့တယ္လို႔သိရွိရပါတယ္ ။


လႉဒါန္းခဲ့တဲ့ ပစၥည္းေတြကေတာ့ KN 95 – 450 pc ၊ Surgical Gowns – 640 pc ၊ Apron – 4800 pc ၊ DuPont PPE – 280 pc ၊ Face Shield – 340 ၊ E-Gloves – 2000 pc ၊ Pulse Oximeter – 5 pc ၊ BP Cuff – 5 pc တို႔ကို ပါေမာကၡသမားေတာ္ႀကီး ေဒၚမာမာၾကည္ ထံ လက္ေရာက္ေပးအပ္လႉတန္းခဲ့တာပဲျဖစ္ပါတယ္ ။ အလႉရွင္မ်ားသာဓုေခၚႏိုင္ရန္အတြက္ ျဖဴျဖဴက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန အလႉအတြက္ ဂုဏ္ျပဳမွတ္တမ္းေလးကို ျပန္လည္မွ်ေဝေပးထားတာပဲျဖစ္ပါတယ္ ။

ပရိသတ္ေတြနဲ႔အတူ အႏုပညာရွင္ေတြကလည္း အခုလို အမွန္တကယ္လိုအပ္ေနတဲ့ ေနရာမွာ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့အတြက္ ျဖဴျဖဴနဲ႔ထပ္တူ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆိုေနၾကတာေတြ႕ရပါတယ္ ။ Cele Gabar ပရိသတ္ႀကီးကလည္း ျပည္သူနဲ႔ အႏုပညာရွင္ေတြ အတူတူ ပါဝင္လႉဒါန္းကုသိုလ္ယူခဲ့ၾကတဲ့ ျဖဴျဖဴရဲ႕ အလႉေလးအတြက္ သာဓုေခၚေပးၾကပါဦးေနာ္ ။

Source : Phyu Phyu Kyaw Thein
Emily (Cele Gabar)

Post a Comment

Previous Post Next Post