ကျုပ်တို့အရပ်ထဲမှာ.. ဒီမနက် ဆန်တွေဝေတယ်..လာယူကြတဲ့သူတွေက ဆိုင်ကယ်တွေ ဆိုက်တွဲတွေနဲ့..တအုန်းအုန်းနဲ့ပေါ့..
ဒါနဲ့ ကိုယ်လည်းထွက်ကြည့်ရင်း..သာဓုခေါ်မယ်ရှိသေး..ကိုယ်နဲ့ဘေးချင်းကပ်ရက်အိမ်က အဘကြီးကိုမေးကြည့်တာ..အဘ ဆန်ဝေနေတာ သွားမယူဘူးလားဆိုတော့..ငါ့ကို စာရင်းမပါဘူးတဲ့..

ဟာ..ဘာလို့တုန်းလို့..ဒီအဘကြီးက အသက်၆၇နှစ်ရှိပါပီ.. တယောက်ထဲသမား..တကိုယ်ထဲ ဘာအလုပ်ကိုင်မှလည်းမရှိသလို..ရပ်ဝေးက ဆွေမျိုးတွေက တလတခါဆေးဖိုးဝါးခအနေနဲ့ ပိုက်ဆံလေး ၂သောင်း ၃သောင်းလောက်ထောက်ပံ့တာလေးတွေ.. အရင်အလုပ်လုပ်ခဲ့တဲ့ အလုပ်ရှင်က ထောက်ပံ့ပေးတာလေးတွေနဲ့ တလလုံးမှ ပိုက်ဆံလေး ၆သောင်း၇သောင်းလောက်နဲ့ ဖြစ်သလိုစားသောက်နေရတာ… ကြားထဲ အိမ်နီးချင်းဖြစ်တဲ့ ကျုပ်တို့နဲ့ ဘေးအိမ်တအိမ်က ထမင်းလေး ဟင်းလေး ချက်တဲ့အခါ ကုသိုလ်ပြုပေးနေတာလေးနဲ့..ရပ်တည်နေရတာ..တရပ်ကွက်လုံးအသိဖြစ်ပါရက်နဲ့..
ခုလို နိုင်ငံတော်က ချပေးတဲ့ ခွဲတမ်းကို..မရဘူး..စာရင်းမသွင်းပေးဘူးဆိုတော့..ရပ်ကွက်လူကြီးများက ဘာသဘောပါလဲလို့.. သူ့ခမျာ လက်လုပ်လက်စားတောင်မဟုတ်ဘူး.. အလုပ်လက်မဲ့ နဲ့ သူပေးလူပေးလေးနဲ့ စားနေတဲ့ကြားက ရပ်ကွက်က အလှူလာခံရင်လည်း တတ်နိုင်သလောက်ထည့်ဝင်ရှာတယ်.. ကျုပ်တို့က အိမ်မှာအမြဲမရှိဘူး မြို့ထဲမှာနေတာများပီး ညအိပ်ချိန်မှ မြို့သစ်ကအိမ်ကိုပြန်ကြတာ..တလမှာ ၄ရက်လောက်ပဲ အိမ်ကပ်ဖြစ်တာဆိုတော့..ဒီအဘကြီးခမျာ တချို့ရက်တွေမှာ ထမင်းတောင်မစားရရှာပါဘူး..ဒီလောက် ဆင်းရဲဒုက္ခရောက်နေတာကို..ကျန်တွေအချိန်တွေမှာ မပြောလိုပါဘူး..နိုင်ငံတော်က ချမှတ်ထားတဲ့ ခွဲတမ်းမှာတော့..သူ့အတွက် ပါစေချင်မိတာပါ..


တကယ့်တကယ်လိုအပ်နေသူအတွက် မရဘဲ လစ်လျူရှုခံထားရတာ မြင်ရတာ သဘာဝမကျလို့ပါ..
ဒီအဘကြီးနာမည်က အဘဦးမောင်မောင်ပါ..ရတနာပုံမြို့သစ်..ထထ/၁၅ရက်ကွက်မှာနေတာပါ..
ပုံထဲမှာ..သူ့ရဲ့ ချမ်းသာမှုကို မျက်ဝါးထင်ထင် ရှုစားနိုင်ပါတယ်.


Si Thu

Post a Comment

Previous Post Next Post