ဧပြီ ၁၉ ရက်နေ့အတွင်း ထပ်တိုးတွေ့ရှိ သည့် Covid-19 ကူးစက် လူနာ ၄ ဦးတွင် လှိုင်သာယာမြို့နယ်နေ လူနာ အမှတ်-၁၁၁ (Case 111) ၏ဇစ်မြစ်ကို လိုက်လံစုံစမ်းနေကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှသိရသည်။

အဆိုပါ အသက် ၅၄ နှစ် အရွယ်အမျိုးသမီးသည် ကင်ဆာရောဂါအခံရှိသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူကကျနော်တို့ စုံစမ်း ရသလောက်တော့ ရောဂါဖြစ်တာ လနဲ့ ချီနေပြီ။ သူ့ရဲ့သားဖြစ်သူက ရွှေကမ်းသာယာအိမ်ယာမှာနေတာ။ သူ့သမီးက ၁၀ ရပ်ကွက် ငုဝါလမ်းမှာနေတာ။ အခု သူ့ရဲ့ ဇစ်မြစ်ကိုလိုက်နေပါတယ်။ သူဟာ ဘယ်အိမ်မှာ ဘက်ရက်မှာနောက်ဆုံးနေခဲ့တယ်။ ဆေးရုံကို ဘယ်လိုရောက်ခဲ့တယ် ဆိုတာ” ဟု ဦးမြတ်မင်းသူ ကဆိုသည်။

အဆိုပါ အမျိုးသမီးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ၎င်းသည် နိုင်ငံခြား ခရီးသွားရာဇဝင်မရှိကြောင်း၊ Covid-19 အတည်ပြုလူနာများနှင့် လည်းထိတွေ့ဖူး သည့် ရာဇဝင် မရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြခဲ့သည်။

ယနေ့ အချိန်ထိ လှိုင်သာယာမြို့နယ် တွင် Covid-19 ကူးစက်ခံရလူနာ ၅ ဦး (ယခုတစ်ဦးအပါအဝင်) တွေ့ရှိ ထားပြီးဖြစ်သည်။

ယခင် ရှိထားသော ၄ ဦးမှာ အင်းစိန် ဘာသာရေးပွဲနှင့် ဆက်စပ် သူများဖြစ်ပြီး ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာမှ ၂ ဦး (Case 26 ၊ Case 63) ၊ ကျန်စစ်သား အိမ်ယာမှ ၂ ဦး (Case 80 ၊ Case 81) တို့ဖြစ်သည်။

crd : blackotfb

unicode








Post a Comment

Previous Post Next Post