Unicode
မင်းသားချော နေတိုးက အနေအေးပြီး တည်တည်ငြိမ်ငြိမ်ရှိသူမို့ပရိသတ်ပေါင်းများစွာရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ နေတိုးက ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာ သူတတ်နိုင်တဲ့ အင်အားနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိနေသူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက အခြေခံလူတန်းစားများကို ကူညီထောက်ပံ့ပေးမယ့် အစီအစဉ်မှာ သိန်း(၁၀၀)တိတိ လှူဒါန်းခဲ့ပါတယ်။
ဒီကနေ့မှာလည်း နေတိုးက ၁၀ရက်နေ့ ပိတ်ရက်ရှည်မတိုင်မီ ၉ ရက်နေ့မှာ တောင်ဒဂုံ မြို့နယ်ရှိ အခြေခံမိသားစုများ စားဝတ်နေရေးအတွက် ဆန်၊ ဆီ ၊ဆား ၊ ကြက်သွန် ပို့ပေးမည့်အစီအစဉ်အလှူအတွက် အလှူငွေ (၁၀) သိန်းတိတိကို ထပ်မံလှူဒါန်းခဲ့ပြီး ကုသိုလ်ယူခဲ့ပါတယ်။
နေတိုးကတော့ သူ့ကို အားပေးကြတဲ့ ထမင်းရှင် ပြည်သူတွေအတွက် တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပြီး အကယ်ဒမီဆုတွေ ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။
Zawgyi
မင္းသားေခ်ာ ေနတိုးက အေနေအးၿပီး တည္တည္ၿငိမ္ၿငိမ္ရွိသူမို႔ပရိသတ္ေပါင္းမ်ားစြာရဲ႕ အားေပးမႈကို ရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ အားေပးမႈကို တစ္ခဲနက္ရရွိပိုင္ဆိုင္ထားတဲ့ ေနတိုးက ျပည္သူေတြအခက္အခဲျဖစ္ေနခ်ိန္မွာ သူတတ္ႏိုင္တဲ့ အင္အားနဲ႔ ကူညီေပးဖို႔ အဆင္သင့္ရွိေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုးက အေျခခံလူတန္းစားမ်ားကို ကူညီေထာက္ပံ့ေပးမယ့္ အစီအစဥ္မွာ သိန္း(၁၀၀)တိတိ လႉဒါန္းခဲ့ပါတယ္။
ဒီကေန႔မွာလည္း ေနတိုးက ၁၀ရက္ေန႔ ပိတ္ရက္ရွည္မတိုင္မီ ၉ ရက္ေန႔မွာ ေတာင္ဒဂုံ ၿမိဳ႕နယ္ရွိ အေျခခံမိသားစုမ်ား စားဝတ္ေနေရးအတြက္ ဆန္၊ ဆီ ၊ဆား ၊ ၾကက္သြန္ ပို႔ေပးမည့္အစီအစဥ္အလွဴအတြက္ အလွဴေငြ (၁၀) သိန္းတိတိကို ထပ္မံလွဴဒါန္းခဲ့ျပီး ကုသိုလ္ယူခဲ့ပါတယ္။
ေနတိုးကေတာ့ သူ့ကို အားေပးၾကတဲ့ ထမင္းရွင္ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးတစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြရရိွျပီး အကယ္ဒမီဆုေတြ ထပ္မံပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးၾကပါဦးေနာ္။
Source: Wai Min Maung’s fb
Bilie – Cele Connections
Post a Comment