ကမ္ဘာ့အနှံ့အပြားမှာ ကူးစက်နေတဲ့ COVID_19 ရောဂါပိုးကြောင့် နိုင်ငံတော်တော်များများက ဆေးသုတေသနပညာရှင်တွေကလည်း ပျောက်ကင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေလျှက်ရှိနေပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံကလည်း ဆေး ၂ မျိုးကို လူသားတွေနဲ့ စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပြီဖြစ်သလို ၊ ဂျပန်နိုင်ငံက ဆေးတစ်မျိုးဟာလည်း COVID-19 ကုသရာမှာ တော်တော်လေး ထိရောက်တာကြောင့် နိုင်ငံပေါင်း ၃၀ ကျော်ကို လှူဒါန်းဖို့ပင် ပြင်ဆင်နေပါတယ်။ ဒီအထဲမှာမြန်မာနိုင်ငံလည်း ပါပါတယ်။
အခုနောက်ထပ်တစ်မျိုးကတော့ အမေရိကန်နိုင်ငံကနေ တီထွင်နေတဲ့ ဆေးပဲ ဖြစ်ပါတယ်။ အမည်ကတော့ Remdesivir ဖြစ်ပါတယ်။ ဒီဆေးနဲ့ စမ်းသပ်ကုသရာမှာ လျင်မြန်စွာပျောက်ကင်းသက်သာတယ်လို့ သိရပါတယ်။
စုစုပေါင်း ကူးစက်ခံရသူ ၁၂၅ ဦးကို ကုသရာမှာ ၂ ဦးသာ အဖိတ်အစင်ရှိပြီးတော့ ကျန်တဲ့လူတွေ အားလုံးကောင်းမွန်လာတယ်လို့ သိရပါတယ်။ ဒီဆေးဟာ အဖျားကို ကျစေပြီးတော့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ
ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
ဆေးအတွက် စမ်းသပ်မှုတွေကိုတော့ ပိုမိုကောင်းမွန်တဲ့ ရလာဒ်ဖြစ်အောင် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီးတော့ မကြာခင်မှာလည်း အမေရိကန် FDA က ခွင့်ပြုပေးသွားဖို့ ရှိတယ်လို့
လို့လည်း သိရပါတယ်။

ဒါကြောင့် ကမ္ဘာကြီးရဲ့ စိုးရိမ်ပူပန်နေရတဲ့ နေ့ရက်တွေကို အားလုံးရဲ့ ကြိုးစားမှုအားနဲ့ မကြာခင်မှ ဖြတ်သန်းနိုင်တော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်နော်။

Post a Comment

Previous Post Next Post